Thursday, August 9, 2007

သူငယ်ချင်း နေဘုန်းလတ်ရဲ့ ဘလော့အသစ် ကို ကြိုဆိုခြင်း

မနေ့က သူငယ်ချင်း နေဘုန်းလတ်ရဲ့ အလင်းနဲ့ရေးတဲ့ ပန်းချီ ဘလော့လေးကို ကြည့်ပြီး ဘလော့အသစ် ကလေး မွေးဖွားခြင်း အမှတ်တရ တစုံတရာ လက်ဆောင်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ အနုပညာကို မြတ်နိုးတဲ့ သူငယ်ချင်း အတွက် ကဗျာမပီ စာမပီတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ပဲ အမှတ်တရ ဂုဏ်ပြု လိုက်ပါတယ်။ အလင်း တွေကို ဆက်လက် ထွန်းညှိနိုင်ပါစေ သူငယ်ချင်း။

အလင်းနဲ့ ဖန်တီးရှင်။

အလင်းတွေထဲက
မကြည့်ရဲစရာ မြင်ကွင်းတွေကြောင့်
မကြည့်ရက်စရာ မြင်ကွင်းတွေကြောင့်
မကြည့်ချင်စရာ မြင်ကွင်းတွေကြောင့်
ကိုယ့်ကိုယ်ကို အိပ်မွေ့သိပ်
ငါ့မျက်လုံးအစုံကို အတင်းမှိတ်
အမှောင်တွေထဲမှာ ဇွတ်အိပ်ခဲ့တယ်။
အမှန်တရားကို ရင်မဆိုင်ရဲ
ထွက်ပြေးဆဲ အခါမှာပေါ့။
ငါဒီလို ရှုံးနိမ့်နေဆဲ
အလင်းနဲ့ ပန်းချီဆွဲသတဲ့
ကိုယ်မြင်ချင်တာတွေကို
အလင်း ရောင်စုံတွေနဲ့ ဖန်တီး
ငါတကယ် အံ့ချီးမိပါရဲ့
ဂုဏ်ယူပါတယ် သူငယ်ချင်း
အလင်းနဲ့ ဖန်တီးရှင်။

No comments: