Monday, August 13, 2007

ကြယ်ကြွေမိုး

ကြယ်ကြွေမိုးတဲ့
ဒီမနက်ပဲ ရွာသွားခဲ့တယ်
တချို့ က ဆုတွေတောင်းလို့၊ တချို့ က နိမိတ်ဖတ်လို့
တချို့ က သင်္ခါရတွေကို နှလုံးသွင်းလို့
တချို့ က.. ၊ တချို့ က..
သူ့ကိုယ်သူ လောင်ကျွမ်းရင်း သူတပါးအတွက် လမ်းပြသလား
သူ့ဒေါသတွေ သူဖောက်ခွဲ အလင်းတန်း အပူတွေ ဖြန့်ဝဲသလား
ဘာပဲ ဖြစ်ဖြစ် ပေါ့
ဖြစ်တည်မှု တစ်ခုရဲ့ ဇာတ်သိမ်း အရာရာ ပြတ်ငြိမ်းခဲ့ပေမယ့်
တိုက်တိုက်ဆိုင်ဆိုင်ပါကွယ် ကြယ်အလုံးရေ တရာကျော်သတဲ့
အတူတူ ကြွေဖော်ရှိလို့ ငါ အားကျတယ်

သီချင်းကို ဒီမှာ နားဆင်ပါ



Jeffrey Berkes, East Smithfield,PA

Mark Golub, Riding Mountain National Park, Manitoba, Canada

Joe Westerberg, Joshua Tree National Park, California

Pete Lawrence, Selsey, West Sussex, UK
Aug. 12, 2007


ဒီမနက် ကောင်းကင် မြေပုံ
http://www.spaceweather.com/meteors/gallery_12aug07_page2.htm မှ ကူးယူ ဖော်ပြပါသည်။

2 comments:

Layma said...

ဟယ်….ကြယ်တွေ….အများကြီးဘဲ….လှလိုက်တာနော်…. ဒါကြောင့် မပန်က သတိပေးတာ…. ခေါင်းပေါ်ကျရင် ဘယ်လိုနေမလဲမသိဘူးနော်……

hnin said...

မှတ်မှတ်ရရ သိုးလေးအသက် 22 ထိ ကြယ်ကြွေတာ ဗွီဒီယိုထဲမှာပဲ မြင်ဖူးသေးတယ်။ ဒါ မတိုက်ဆိုင်သေးလို့နေမှာနော်။ အရမ်းကို အပြင်မှာ ကြည့်ဖူးချင်တယ် မမရယ်။