Tuesday, August 14, 2007

ချစ်ဖို့ ဘာလိုလဲ

ချစ်တတ်တဲ့ အသည်းနှလုံးနဲ့
အချစ်သန့်သန့်လေးပဲ လိုပါတယ်..
အတ္တတွေနဲ့ မရောနှော
အတွေးတွေနဲ့ မေ၀၀ါး
ဝါဒတွေနဲ့ မပတ်သက်
တခြား ခံစားချက်တွေလဲ မစွက်ဖက်
ရမက်တွေနဲ့ မလိမ်းကျံ
သန့်သန့်လေး ချစ်တယ်။


အချစ်သက်သက်က
ရိုးရာတွေ၊ အစဉ်အလာတွေ၊ ကိုယ်ကျင့်တရားတွေ
ဂုဏ်တွေ၊ ပကာသနတွေ၊ … တွေ၊ …တွေ
ဘာတွေကိုမှ ဂရုမစိုက်
တစိုက်မတ်မတ် ချစ်တယ်။
အတ္တချစ်တွေက ပြောရဲ့
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့။
မေတ္တာချစ်တွေက ပြောရဲ့
ချစ်သူအတွက် ၀န်မပို
အရာရာကိုပေးဆပ်လိုသတဲ့။
ဘယ်သူတွေ ဘယ်လိုချစ်ချစ်
ငါကတော့ မင်းကို
အာရုံငါးပါးလုံးနဲ့ ကင်းလဲ
ဘာအရောင်မှ မပါဘဲ
အချစ်သက်သက်နဲ့
သန့်သန့်လေး ချစ်တယ်။

1 comment:

Anonymous said...

ရိုးရိုးလေးနဲ့ သန့်သန့်လေး.. cool တယ်.. =)