Sunday, July 8, 2007

ထိုင်းနိုင်ငံဧ။် ပွဲတော်များ

နှစ်သစ်ကူးပွဲတော်။ ။ ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ပွဲတော်သုံးမျိုးရှိလေသည်။ အနောက် နိုင်ငံများဧ။် ထုံးစံ အတိုင်း ကျင်းပသော ဇန်န၀ါရီလ တစ်ရက် နှစ်သစ်ကူးပွဲတော်၊ တရုတ်လူမျိုးများဧ။် ထုံးစံအတိုင်း ကျင်းပသော ဖေဖော်ဝါရီ လလယ်တွင် ကျရောက် လေ့ရှိသော တရုတ် နှစ်သစ်ကူး ပွဲတော်နှင့် မြန်မာ့ရိုးရာ ထုံးစံအတိုင်း ဧပြီလ တွင် ကျင်းပသော ရေသဘင် ပွဲတော်တို့ ဖြစ်လေသည်။ သို့သော် မြန်မာ့ရိုးရာ ရေသဘင် ပွဲတော်တွင် ချစ်ခင်သူများ အချင်းချင်း အိုးမဲသုတ်ကာ ကျီစယ် ကြသော်လည်း အမဲရောင်ကို မကြိုက်သော ထိုင်းလူမျိုး များက ချစ်ခင်သူများ အချင်းချင်း ပေါင်ဒါမှုန့်များ အပြန်အလှန် သုတ်ကာ ကျီစယ် ကြလေသည်။ ရေကိုမူ မြန်မာများလောက် မပက်ကြ ပါချေ။ ထိုင်းနိုင်ငံဧ။် ရေသဘင် ပွဲတော်သည် ခွင့်ရက်ရှည် ရခိုက် ခရီးထွက်သူ များသောကြောင့် ချင်းမိုင်နှင့် ဘန်ကောက်ရှိ ခေါင့်စံအရပ် တွင်သာ စည်ကားကာ ကျန်နေရာ များတွင် လွန်မင်းစွာ ခြောက်ကပ်နေလေသည်။ ဖရာ့ဗုဒ္မ္ဓဘတ် ဘုရားပွဲတော်။ ။ ဇန်န၀ါရီလ ၃၁မှ ဖေဖော်ဝါရီလ တစ်ရက်နေ့ ထိသာ ကျင်းပသော ထိုဘုရားပွဲကို ဘန်ကောက်မြို့ မြောက်ဘက် ၂၃၆ ကီလိုမီတာ အကွာရှိ ဆာလာဘူရီ အရပ်ရှိ ခြေတော် ရာကျောင်းတွင် ကျင်းပလေ့ ရှိလေသည်။ မြန်မာနိုင်ငံရှိ ဘုရားပွဲများနှင့် မခြားနားလှပါပေ။ဘိုဆောင်ထီးပွဲတော်။ ။ချင်းမိုင်မြို့တွင် ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသော စက္ကူထီး ပွဲတော်နှင့် အခြား လက်မှုပစ္စည်းများ ရောင်းချသည့် ဈေးပွဲတော် ဖြစ်လေသည်။ ထီးများသည် မြန်မာနိုင်ငံရှိ ပုသိမ်ထီးနှင့် ဆင်တူလှ ပေသည်။ မြန်မာနိုင်ငံတွင် ဈေးကွက် စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာပါက ပုသိမ်အနီး တ၀ိုက်ရှိ ပင်လယ်ကမ်းခြေများတွင် ပုသိမ်ထီး ပွဲတော် ပြုလုပ်ပါလျှင် လွန်စွာ စီးပွားဖြစ် လေမည်။ တရုတ် နှစ်သစ်ကူး ပွဲတော်။ ။တိုင်းပြည်ဧ။် တရားဝင် လူဦးရေထဲတွင် တရုတ်နိုင်ငံသားအဖြစ် ထိုင်း နိုင်ငံတွင် နေထိုင်သော တရုတ်လူမျိုး ၁၄% ရှိလေရာ တရုတ် နှစ်သစ်ကူး ပွဲတော်မှာလည်း နဂါးအက၊ ခြင်္သေ့ အက၊ ဗျောက်အိုး၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း တို့ဖြင့် လွန်စွာ စည်ကားလေသည်။ အစည်ကားဆုံး နေရာမှာ ဘန်ကောက် မြို့လယ်ရှိ စံဖိန်းခေါ် တရုတ်တန်းဖြစ်လေသည်။ ပန်းပွဲတော်။ ။ မြန်မာနိုင်ငံရှိ ပြင်ဦးလွင်မြို့ ကဲ့သို့ ပန်းမြို့တော် အဖြစ် ကျော်ကြားသော ချင်းမိုင်မြို့ တွင် ဖေဖော်ဝါရီလ အတွင်း ကျင်းပလေ့ ရှိသော ပန်းပွဲတော်သည် ဒေသထွက် ပန်းရောင်စုံတို့ဖြင့် ကျော်ကြား သည်။မခါဘုချနေ့။ ။ ထိုင်းတပေါင်း ပွဲတော်ဟု ခေါ်ဆိုနိုင်သော မတ်လတွင် ကျရောက်သော လပြည့်နေ့ တွင် ကျင်းပသော ပွဲတော် ဖြစ်သော်လည်း ထူးခြားချက်မှာ ငှက်လွှတ်ခြင်းနှင့် ဘုရားမီး ပူဇော်ခြင်း ဖြစ်သည်။ ချက္ကရီနေ့။ ။ဧပြီလ ၆ရက်နေ့တွင် ကျင်းပသော သည်နေ့သည် ထိုင်းနိုင်ငံ ချက္ကရီ မင်းဆက်ကို ထူထောင် ခဲ့သော အထိမ်းအမှတ် အဖြစ် ကျင်းပခြင်း ဖြစ်ပြီး လက်ရှိဘုရင်သည် ကိုးဆက်မြောက် ဘုရင် ဖြစ် လေသည်။ နေရာတိုင်းတွင် ဘုရင်နှင့် မိဘုရားပုံကို ပန်းနံ့သာများဖြင့် ပူဇော်ထား သည်ကို တွေ့နိုင်သည်။ ဆွန်ခရမ်ပွဲတော်။ ။ ဧပြီ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပသော အဆိုပါ ပွဲတော်မှာ ထိုင်းရိုးရာ သင်္ကြန် ပွဲတော် ဖြစ်လေသည်။ ပတ္တယားပွဲတော်။ ။ ပတ္တယားကမ်းခြေတွင် ဧပြီလလယ်တွင် ကျင်းပသော ထိုပွဲတော်တွင် မီးရှူး မီးပန်း ပစ်ဖောက်ခြင်းနှင့် ပန်းအလှပြခြင်းတို့ အဓိက ပါဝင်လေသည်။ မေလတစ်ရက်တွင် ကျင်းပသော အလုပ်သမားနေ့ နှင့် လက်ရှိ ဘုရင် ရာမကိုး မင်းမြတ်ဧ။် မေလ၅ရက်တွင် ကျင်းပသော နန်းတက်ပွဲနေ့ အခမ်းအနား၊ မေလလယ်တွင် ကျင်းပသော လယ်ထွန် မင်္ဂလာပွဲ အခမ်းအနား များလည်း ထင်ရှားလေသည်။ သစ်သီးပွဲတော်။ ။ မေလတွင် ရယွန်မြို့တွင် ကျင်းပပြီး ဇွန်လတွင် ချန်တာဘူရီမြို့ တို့တွင်ကျင်းပသော သစ်သီးပွဲတော်တွင် မင်းမူနေသော သစ်သီးများမှာ ဒူးရင်း၊ ကြက်မောက်နှင့် ပိန္နဲ္ခတို့ ဖြစ်လေသည်။ဗုဒ္မ္ဓဘာသာ ကိုးကွယ်သော တိုင်းပြည်ပီပီ ကဆုန် ညောင်ရေသွန်း ပွဲတော်နှင့် ၀ါဆို ပွဲတော်များ ကိုလည်း ကျင်းပ ကြပါသည်။ မြန်မာနိုင်ငံနှင့် မတူသော ၀ါဆိုပွဲတော်၏ ထူးခြားချက်မှာ အရွယ်ရောက်သော ထိုင်း အမျိုးသားများ သည်အချိန် ရောက်မှ ရဟန်းခံကြ ရခြင်းဖြစ်ပါသည်။ သြဂုတ်လ၁၂ရက် မိဘုရားမွေးနေ့၊ ထိုင်းနိုင်ငံကို ပညာရေး၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ် တို့တွင် ပြုပြင် ပြောင်းလဲ တိုးတက် စေခဲ့သော ထိုင်းဘုရင်ဟောင်း ချက္ကရီ မင်းဆက် ၅ဆက် မြောက် ချူလာလောင်ကောင် မင်းမြတ်ကို အောက်မေ့တသ သောနေ့အဖြစ် အောက်တိုဘာ ၂၃ရက်နေ့၊ လက်ရှိ ချက္ကရီ မင်းဆက် ၉ဆက်မြောက် ဘုရင်၏ မွေးနေ့ ဒီဇင်ဘာ ၅ရက်တို့သည် ထိုင်းလူမျိုးများ အမြတ်နိုးဆုံး နေ့ကြီး ရက်ကြီးများ ဖြစ်လေသည်။ လမ်းဆုံ လမ်းခွ တိုင်းတွင် သက်ဆိုင်ရာ နေ့အလိုက် သက်ဆိုင်ရာ ပုဂ္မ္ဂိုလ်များ ၏ ပန်းချီ ကားချပ်ကြီး များကို ထောင်ကာ ပန်းမန် နံ့သာ၊ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော်ထားသည်မှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်း တည်းဟူသော မင်္ဂလာ တရားတော်နှင့် အညီ ဖြစ်လေသည်။ လွိုင်ကထုံပွဲတော်။ ။ သည်ပွဲတော်သည် ဆူခိုထိုင်း မင်းဆက်က စတင် ကျင်းပခဲ့သည်ဟု ယူဆရသော ထိုင်းပုံစံနှင့် နိုဝင်ဘာလတွင် ကျင်းပသော မြန်မာ့ရိုးရာ ပုံစံ ကထိန် ပွဲတော်ပင် ဖြစ်လေသည်။ ရွှေကျင် မီးမျှော ပွဲတော်နှင့် ဆင်တူသော မီးဖောင်မျှောပွဲကို အကြီးအကျယ် ပြုလုပ်လေ့ ရှိလေသည်။ သို့သော် ရည်ရွယ်ချက်မှာ အကုသိုလ် အညစ်အကြေး များ စင်ကြယ်ရန်နှင့် ရေနတ်ကို ပူဇော်ရန် ဖြစ်လေသည်။

No comments: