Tuesday, July 3, 2007

ဆီဇာသို့တမ်းချင်း

ငယ်ငယ်ကသင်ခဲ့ရတဲ့ဇာတ်လမ်းတစ်ပုဒ်

သမိုင်းကြောင်းကြီးကျယ်စရာ

ဂျူးလီယက်ဆီဇာနဲ့

ကလီယိုပက်ထရာတို့ရဲ့ဇာတ်ကြောင်း

နှောင်းပိုင်းကတသိမ့်သိမ့်ပေါ့

ဆီဇာရဲ့အောင်မြင်မှုများ

ဇာတ်လမ်းအစမှာ အားကျပါပေ့

ဇာတ်သိမ်းခန်းရဲ့နောက်ဆုံးစကား

ခုချိန်ထိကြားယောင်ပါရဲ့

"ဟင် ဘရုတပ်စ်...မင်းလဲပါတယ်ကိုး" တဲ့။

သည်စကားကိုရင်ထဲစွဲ

လူမှုရေးနယ်ပယ်မှာ သတိထား

ရှောင်ရှားခဲ့တဲ့ငါတစ်ယောက်

ဆက်ဆံရေးတွေကောင်းလွန်းလို့

ခင်မင်မှုတွေလွန်ကဲရင်း

အယုံလွန်သတိလစ်တဲ့အခါမှာတော့

သြော် ... ဆီဇာရေ

မင်းအတွက် ဘရုတက်စ်က တစ်ယောက်တည်းနော် ...

No comments: