Thursday, June 28, 2007

လင်းယုန်တစ်ကောင်ရဲ့ ပြန်လည်မွေးဖွားခြင်း ဘ၀ဇာတ်ကြောင်း

လင်းယုန်ငှက်ဟာ သူရဲ့ မျိုးရင်းထဲက စွန်ငှက်၊ သိမ်းငှက် စတဲ့ ငှက်မျိုး တွေထဲမှာ အသက်အရှည်ဆုံး နေထိုင် ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ လင်းယုန် တစ်ကောင်ဟာ အနှစ် ၇၀ ထိ အသက်ရှည် နိုင်ပါတယ်
ဒါပေမယ့်… သည်လို အသက်ရှည်ရှည် နေနိုင်ဖို့ လင်းယုန်ဟာ အလွန်ခက်တဲ့ ဆုံးဖြတ်ချက် တစ်ရပ်ကို မချမနေ ချမှတ်ရပါတယ်။ သူအသက် အနှစ်လေးဆယ်ကို ရောက်တဲ့အခါ..


သူ့ရဲ့ အသက်အရွယ် အလိုက် ရှည်လျား ပျော့ပျောင်းလာတဲ့ ခြေသည်း ကောက်ကောက် တွေဟာ သူ့ရဲ့ အစာ ဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့ တချိန်က ရှည်လျား ချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေ ဟာလည်း ခုတော့ သူ့သားကောင်ကို မစားနိုင် လောက်အောင် ကွေးညွတ်လာခဲ့ပြီ။ သူ့ရဲ့ အိုမင်းလာတဲ့ အသက် အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေဟာလည်း ပိုမိုထူထပ် လာတဲ့အတွက် လေးလံ လာပြီး တောင်ပံအစုံကို မဖြန့်ကား နိုင်တော့ဘဲ တောင်ပံအစုံဟာ ရင်အုပ်မှာ ကပ်နေခဲ့ပြီ။ ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့ တော်တော်ကို ခက်ခဲလာနေပါပြီ။
သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ အသေခံမလား။ ရက်ပေါင်း ၁၅၀ကြာမယ့် နာကျင်မှု တွေနဲ့ ပြည့်နှက်နေမယ့် ပြောင်းလဲခြင်း ဖြစ်စဉ်ထဲကို ၀င်ရောက် ဖြတ်သန်းမလား ဆိုတာပါပဲ။
သည် ပြောင်းလဲခြင်း ဖြစ်စဉ်မှာ လင်းယုန်ဟာ တောင်ထိပ်ကို ရောက်အောင်ပျံသန်းပြီး တောင်ထိပ်ကသူ့ရဲ့ အသိုက်ထဲမှာ ထိုင်နေဖို့ လိုပါတယ်။ ပြီးတော့ သူ့နှုတ်သီး ပြုတ်ထွက် သွားတဲ့အထိ ကျောက်တုံးကို နှုတ်သီး နဲ့ ခေါက်နေဖို့ လိုပါတယ်။ သူ့ရဲ့ နှုတ်သီး အဟောင်း ပြုတ်ထွက် သွားပြီးတဲ့နောက် လင်းယုန်ဟာ နှုတ်သီးသစ် ပြန်ပေါက်တဲ့အထိ သူ့ရဲ့ အသိုက်ထဲမှာ နေရပါတယ်။ နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ ရဲ့ ခြေသည်းဟောင်းတွေကို သူ့နှုတ်သီးသစ်နဲ့ ဖြုတ်ထုတ်ရပါတယ်။ ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို သူ့နှုတ်သီးသစ်နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။
သည်လိုနဲ့ ငါးလကြာတဲ့ အခါမှာ လင်းယုန်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့ လျင်မြန်လှတဲ့ ပြန်လည် မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကို စတင်ပါ တော့တယ်။ နောက်ထပ် နှစ်၃၀ အသက်ဆက် ရှည်နိုင်ပါ တော့တယ်။
ကျွန်မတို့ ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ…
အကြိမ်များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် ရုန်းကန်ကြရတဲ့ နေရာမှာ ကျွန်မတို့ လူသားတွေဟာ သည်လို ပြောင်းလဲခြင်း ဖြစ်စဉ်တွေကို ဖြတ်သန်းကြရပါတယ်။
တခါတရံ.. လိုအပ်လာတဲ့အခါမှာ အမှတ်တရ အဟောင်းတွေ၊ ၀ါသနာ အဟောင်းတွေနဲ့ ထုံးတမ်းစဉ်လာ အဟောင်းတွေကို ကျွန်မတို့ သုတ်သင် ဖယ်ရှားပစ်ဖို့ လိုပါတယ်။
အတိတ်ရဲ့ ၀န်ထုတ်ဝန်ပိုးတွေမှ လွတ်မြောက်နိုင်မှသာ ကျွန်မတို့ဟာ ပစုပ္ပန်ရဲ့ အသီးအပွင့်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

ကဲ… ကျွန်မတို့သာဆိုရင်ကော… အသေခံကြမလား… အသက်ရှင် ရပ်တည်နိုင်မှု အတွက် ခဏတာ နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား… လင်းယုန်ငှက် တစ်ကောင်စာလောက် ရဲရင့်နိုင်ကြ မလား။
ကျွန်မရဲ့ ယောက်ခမ အီးမေးလ်နဲ့ပို့ပေးတဲ့ Powerpoint fileလေးကို သိပ်ကြိုက်လို့ ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်ရှင်။

3 comments:

Zin Ko Latt said...

လင်းယုန်က အဲလိုလား။ တခါမှ မကြားဖူးဘူး။ စိတ်ဝင်စားစရာပဲဟ။

Mr.Pooh said...

ကောင်းလိုက်တဲ့ Post လေးဗျာ။ ဖတ်လို့သိပ်ကောင်းပါတယ်။ အိုအေစစ်ကို လာလည်ပါဦး။

Anonymous said...

Thanks ma khun mya hlaing. My friend fwded this post to me. Very interesting & thoughtful.