Sunday, October 24, 2010

မုဆိုး လမ်းပျောက်

လေဆိပ်ထဲမှာ စာတအုပ် ဖတ်တုန်း
အသံတသံ တရစပ်
Mind your step တဲ့...

ဆီဆီဆိုင်ဆိုင်လား

မဆီမဆိုင်လား

ခပ်ပါးပါး ပြုံးမိတယ်

အပြောင်းအလဲ ခြေတလှမ်း

ကုဋေတသန်းလဲ မမှန်းချင်တော့...

ငါဟာမုဆိုး
တရမန်းကြမ်း အမဲလိုက်ခဲ့တဲ့ အရိုးပေါ့

ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား
အလိုက်မှားရင်း လမ်းပျောက်
မုဆိုးရာဇ၀င်မှာ တောက်တခေါက်ခေါက်နဲ့...

ချစ်ခြင်းမေတ္တာဆိုတာ
သံယောဇဉ်နဲ့ ခင်မင်မှုကြား
ဘာနဲ့များ ခြားနားထားလဲ...

သစ္စာတရားဆိုတာ
ပကတိအမှန်တရားလား
တဦးတယောက် တဖွဲ့အပေါ်မှာ
လှေနံဓားထစ်ခြင်းလား...

ဟုတ်ကဲ့
ကျွန်တော်မုဆိုးပါ
အလိုက်မှားရင်း လမ်းပျောက်
မုဆိုးရာဇ၀င်မှာ တောက်တခေါက်ခေါက်နဲ့။

2 comments:

ချစ်ကြည်အေး said...

သစ္စာတရားဆိုတာ
ပကတိအမှန်တရားလား
တဦးတယောက် တဖွဲ့အပေါ်မှာ
လှေနံဓားထစ်ခြင်းလား...

ကဗျာလေး ကောင်းတယ် ခွန်ခွန်ရေ...
အဲဒီ့ အပိုဒ်လေး အကြိုက်ဆုံးပဲ :)

နိုင်းနိုင်းစနေ said...

ပျောက်နေပါလား..
ဘာတွေ အလုပ်ရှုပ်နေလဲ?
မုဆိုးလမ်းပျောက် နေတော့တယ်း)