Sunday, May 16, 2010

သုည

လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ
ကြယ်ငါးတွေရဲ့လက်တံလို
ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား
အားလုံးနဲ့တသားတည်း ရှိနေမယ်...

သူများတန်ဖိုးတက်ဖို့
နောက်နားက အဖြည့်ခံ
ပေးဆပ်တဲ့ သုညအတွက်
နောက်ကောက်ကျစရာလဲမရှိ
ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့
သုညကို အပိုင်းပိုင်းခွဲလဲ
သုညဟာ သုညပဲမို့လေ...

4 comments:

Unknown said...

ညီမရေ တသားထဲ ကျတဲ့စိတ်ဓာတ်လောက် မြင့် မြတ်တဲ့စိတ်ဓာတ် ဘယ်မှာရှိသေးလို့ လဲ ဗျာ။

ဥပသကာ

သိင်္ဂါကျော် said...

သုည ဖြစ်ရတဲ့အတွက် ဘယ်လောက် ကြီးမားတဲ့ တန်ဖိုးပဲ ဖြစ်ဖြစ် ရှေ့ကကပ်လိုက်လို့ ရတယ်လေ..

တန်ခူး said...

သုညဆိုပေမယ့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိပါတယ် ညီမရေ...

အိမ့်ချမ်းမြေ့ said...

လှိုင်...

မလေး စာလာဖတ်တယ်..
သတိရတယ် လှိုင်..