Sunday, October 18, 2009

'K' for Khunmyahlaing, ခွန်မြလှိုင် အတွက် 'ခ' ဆိုတာ

သူများတွေ ရေးနေကြတာ အစောတည်းက တွေ့သား... ဦးနှောက်ရေသာခိုပြီး လိုက်မစဉ်းစား မိခဲ့ဘူး။ ခုတော့ ချစ်မ "တန်ခူး" က tag တယ်တဲ့။ ဦးနှောက်ကို ကြံကြိတ်စက်ထဲ ထည့်ညှစ်လိုက်တာ... မရတော့လဲ wikianswer ကို အားကိုးလိုက်တာပေါ့ နော... လာပါပြီ "ချစ်သမျှကို" ပတ်ပျိုး မဟုတ်တဲ့ "သိသမျှကို" tag game...


K…

1. What is your name : Khun Mya Hlaing
2. A four Letter Word : Knob
3. A boy's Name : Kenneth
4. A girl's Name : Kiara
5. An occupation : Karate teacher
6. A color : Kelly green (a light shade of green)
7. Something you'll wear : Kraprong (thai name for gown)
8. A food : Kiwi Salad
9. Something found in the bathroom : kleener
10. A place : Kyeik hti yoe
11. A reason for being late : Kept in accident
12. Something you'd shout : Kneel down !!!
13. A movie title : Kill Bill
14. Something you drink : Kiwi juice
15. A musical group : Kingsmen
16. An animal : Kitty or Koala
17. A street name : Kyeik hto street
18. A type of car : KIA (Wikianswer နဲ့ ရှာတာတောင် တမျိုးပဲ ရှိတယ်။ အလွယ်လေး မခင်မင်းဇော် ဆီက ကူးချတာ မဟုတ်ရပါဘူး နော်နော်)
19. The title of a song : Kryptonite
20. A verb : Know

ခွန်မြလှိုင် အတွက် ခ ဆိုတာ
1. What is your name : ခွန်မြလှိုင်
2. A four Letter Word : ခွင့်လွှတ်ပါတယ်(ဒီစကားကို ပြောနိုင်ဖို့ စိတ်ကို တော်တော်လေး ခဏခဏ လျှော့ထားရတာ)
3. A boy's Name : ခွန်စံလော (ဒီပုံပြင် သင်ရတုံးက အပျိုကြီး လုပ်မလို့ စဉ်းစားဖြစ်သေးတာ ဟဟ)
4. A girl's Name : ခင်ဦး (ရာဇ၀င်ထဲက ဇာတ်ကောင် ဆိုတော့ လွယ်သား)
5. An occupation : ခလေးထိန်း (ခုလုပ်နေတာပေါ့လို့)
6. A color : ခဲရောင် (ထီးအတွက်ပဲ သုံးဖြစ်ပါတယ်လေ)
7. Something you'll wear : ခမောက် (မြန်မာပြည်ထဲဆို ဆင်ဆာမိ မလားပဲ)
8. A food : ချဉ်ဖတ်သုပ် (နေက ပူတော့လေ.. စဉ်းစားမိရုံနဲ့ လျှာရည်တောင်လည်တယ်)
9. Something found in the bathroom : ခွေးခြေခုံ (ကလေးရေချိုးပေးရတာကိုး... မရှိမဖြစ်ပေါ့)
10. A place : ချောက်မြို့၊
11. A reason for being late : ခလုတ်တိုက်မိလို့ ခြေနာသွားတယ်။
12. Something you'd shout : ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား၊ ခွဲယူ ဆိုတဲ့စနစ်နဲ့ လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းဟာ အမိမြေတဲ့လား… ပြောင်းကြပါတော့…
13. A movie title : ခြိမ်း၍မရွာသောမိုး (ခဏခဏ ကြုံနေပေါ့... ရာသီဥတု ဖောက်ပြန်တယ်လေ)
14. Something you drink : ချယ်ရီသီး ဖျော်ရည်
15. A musical group : ချောကလက်
16. An animal : ခြင်္သေ့ မမှတ်နဲ့ တကယ်က ခါချဉ်ကောင် မာန်ကြီးနေတာ...
17. A street name : ချစ်သူ့လမ်းကြား (ဘယ်နားရှိမှန်းတောင် မသိဘူး ကြားဖူးတာပဲ ရှိတယ်.. အဲလို ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ)
18. A type of car : ခရိုက်စလာ (US- Crysler) မနည်းစဉ်းစားယူရတယ် မရတာနဲ့ ပီအေကို အကူအညီ တောင်းလိုက်တယ် ဟိဟိ
19. The title of a song : ချစ်တယ် (တေးဆို- သုမောင်)
20. A verb : ခုန်ပျံကျော်လွှား ကြိုးစားရအောင် !!!


1 comment:

တန်ခူး said...

ခမောက်ဆောင်းပြီး ချစ်တယ်သီချင်းလေးဆိုလို့  ခလေးထိန်းနေတဲ့ ချစ်ညီမလေး ချစ်မမဆီလာလည်ရင် ချစ်ခြင်းအားဖြင့် ချဉ်ဖတ်သုပ်လေးကျွေးမယ်… ပြီးတော့ ချစ်တဲ့ကျောင်းကြီးက ခရေပင်လေးတွေ စီတန်းနေတဲ့ ချစ်သူ့ လမ်းကြားလေးကို အတူသွားလည်ကြတာပေါ့… ခုလို ရေးပေးတဲ့အတွက် အချစ်တွေ ပိုလို့ တိုးသွားပြီ…