Sunday, October 11, 2009

ချစ်သမီးလေး ပိုးကြူးဆိုဖို့

က ကားကား သူစီးသွား
ခ ချစ်သမီး ရှုမငြီး
ဂ ဂူဂူး သူပျော်မြူး
င ငါးကြော်ပေါင်း စားလို့ကောင်း

စ စံပယ်ပန်း ဆင်ကာမြန်း
ဆ ဆီထမင်းအကြော် ကြိုက်လှသနော်
ဇ ဇလပ်ဖြူ မွှေးကြူကြူ
ည ညနေခင်း လမ်းလျှောက်ခြင်း
တ တိရစ္ဆာန် သနားပြန်
ထ ထမင်းဖြူ စားလို့ကူ
ဒ ဒရယ်သမင် ခုံခုံမင်
ဓ ဓားသေနတ် သူပစ်ခတ်
န နီတာတာ မီးကြိုက်တာ
ပ ပုခက် သမီး အိပ်စက်
ဖ ဖိနပ်နီ ခုန်ပေါက်သည်
ဗ ဗလကြီး သူဝဖီး
ဘ ဘိုးဘွား သမီး ကျီစား
မ မိုးစက် သူရေတွက်
ယ ယားကလိ ခိခိခိ
ရ ရေကူး ပျော်ပျော်မြူး
လ လိပ်ပြာ လိုက်ဖမ်းကာ
ဝ ၀ါးရွက်လေး လေအေးသွေး
သ သမီးလေး ပုလုကွေး
ဟ ဟဟာဟ ပြုံးရယ်ပြ
အ အဖေအမေ ချစ်သလေ
အမြဲ တမ်းတနေ။

3 comments:

maylay said...

မမလှိုင်ရေ ကဗျာလေးကို ချစ်စနိုးလေး ဖတ်သွားတယ် ကဗျာထဲမှာ သမီးလေးကို ချစ်တာပေါ်လွင်နေရော မမ၇ယ်။ သီတာစမ်းရေက အေးမြပါဘိ ။သမီးလေးတော့ အဖေ အမေ ကောင်းကောင်းလေးနဲ့ တွေ့ရတာ ကံလေးကောင်းလိုက်တာ။ သမီးအစားတောင် ရင်ထဲကြည်နူးသွားတယ်။ မမ ကျန်းမာပျော်ရွှင်ပါစေ

တန်ခူး said...

မိုက်တယ်… သားကို အဲလို ဗားရှင်းလေးနဲ့ သင်ပေးဦးမှပဲ…
သ သမီးလေး ပုလုကွေးဆိုတာ ဖတ်ပြီး ဘလော့ကာ ပုလုကွေးကို သွားသတိရတယ် လှို င်ရေ…
ပိုးကြူးဆိုတဲ့ နာမည်လေးက ချစ်စရာ…

တန်ခူး said...

ပိုးကြူးလေးမေမေကို တက်ဂ်ထားတယ်နော်