Friday, October 2, 2009

ထိပ်စီးပြောင်းခြင်း

ဒုတိယ ထိပ်စီးက တတိယ ထပ်စီးကို ပြောင်းတယ်
ဝုန်းကနဲ ချက်ချင်း ပြောင်းတာမဟုတ်
တရက်စီ ဖြည်းဖြည်းချင်း ပြောင်းခဲ့တာမို့
အသစ်တွေ ဟောင်းတာလဲ မမြန်ခဲ့ဘူး။

တဖဲ့ချင်း ထုဆစ်ခဲ့လို့
တတိုင်ချင်း ပြီးခဲ့တဲ့ ဘ၀မှတ်တိုင်တွေ
မော်ကွန်း မ၀င်ရင်တောင်
ငါ့သမိုင်း ငါတင်ခဲ့လို့ ကျေနပ်တယ်။

ပထမ ထိပ်စီးကနေ ဒုတိယ ထိပ်စီး အပြောင်း
ရွှေအိမ်နန်းကနေ ရေအိမ်ခန်းထဲ မရောက်ရုံ တမည်
ပြောင်းခဲ့တဲ့ လောကဓံကို ရယ်တတ်ခဲ့တယ်။

ဒုတိယ ထိပ်စီး သက်တမ်းတလျှောက်
သူများခင်းတဲ့ လမ်းကို တလှည့်
ကိုယ့်လမ်းကိုယ် ထွင်ပြီး တလှည့်
အချိုးအကွေ့တွေကြား
ဟိုတက် ဒီတက်တွေနဲ့ လှော်ရင်း
တက်ကျိုးတော့ လက်ထိုးလှော်ခဲ့တယ်
ငါ့လက်လဲ မကျိုးရုံ တမယ်ပေါ့။

တတိယ ထိပ်စီးရေ
မပြီးသေးတဲ့ ဘ၀ခရီး
လောကဓံကြီးက ပြုံးပြုံးဖြီး စောင့်နေလေရဲ့
စိန်ခေါ်ရင် ဘွာမခတ်တမ်း
လက်ပန်းပေါက် ခတ်လိုက်စမ်းဟေ့။


2 comments:

Unknown said...

ဘ၀ ဆိုတာကြီးတွေရှိနေသမျှ ထိပ်စီးတွေက ပြောင်းနေရမှာတော့ သေချာတယ်

ဥပသကာ

Nge Naing said...

ဘ၀ဆိုတာကို တသမတ်တည်း မရှိတော့ အချိုးအကွေ့ အလှည့်အပြောင်း များတယ်ပါလေ။