Friday, October 2, 2009

ရှစ်လပြည့် တိုးတက်မှုများ

ပတ္တမြားရွှေဂူ နဂိုနေမူထား
ဝရဇိန်စီကာထားတဲ့ ချစ်သမီးရဲ့သွား
စကားက တီတီတာတာ
ပီပလာ ချွဲတဲ့စကား။ ။

ညီညာညာ လေးဘက်တွားပါလို့
စပ်စုရဲ့ တဖန်
မျက်စချီ လေးတော်ကွေးပါလို့
နွဲ့လျတဲ့ဟန်။
ချစ်ဇောက အရသန်တယ်
ယဉ်နန်းဆန် ထိပ်ထားကွဲ့လေး။ ။

မှတ်ချက်။ ။ ဖတ်ရသူက သည်းရန်ကောလို့ အပြစ်တင်တော့မယ်။ တတ်နိုင်ဘူး။ ကိုယ့်သမီးကိုယ် ချစ်လို့ ရေးတာ ဘာဖြစ် :P

2 comments:

Nge Naing said...

သည်းတယ်မထင်ပါဘူး။ ကျွန်မသာ ကဗျာစပ်တတ်ရင် ဒီထက်တောင် ပိုဆိုးဦးမယ်။ ဘာနဲ့မှ မတူတဲ့ နှိုင်းလို့မရတဲ့ ဘ၀မှာ အနှစ်သက်စရာအကောင်းဆုံး လက်ဆောင်ဟာ သားသမီးရတနာပဲ မဟုတ်လား။ ဘာအချစ်နှင့်မှ မတူတဲ့ ပီတိတွေနဲ့ ပြည့်နေတဲ့ အချစ်၊ ဘာနှင့်မှ နှိုင်းလို့မရတဲ့ အချစ် ဆိုတာ သားသမီးတွေကို ချစ်တဲ့ မိခင်တွေရဲ့ အချစ်ပဲ မဟုတ်လား။

ShwunMi- said...

ယဉ်နန်းဆန် ထိပ်ထား ဆိုပါလား ..း)
သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာလေးပဲ.. ကလေးလေး စာဖတ်တတ်လာရင် သဘောကျနေမှာ သေချာတယ်..