Friday, September 25, 2009

တသောင်းတန် နမိတ်


ငွေ စက္ကူ ငါးထောင်တန် ထုတ်မယ်လို့ ကြေညာလိုက်တာနဲ့ တပြိုင်နက် ရွှေဈေးက ခုနှစ်သိန်း နီးပါးထိ တက်သွားသလို ဒေါ်လာဈေး ဘတ်ဈေး စတဲ့ ငွေလဲလှယ်နှုံးတွေလဲ ဖြစ်ချင်တိုင်း ဖြစ်သွားပါတယ်။ ငွေကြေး ဖောင်းပွမှုနဲ့ ပတ်သက်လို့ သတင်းဆိုးတွေ ထွက်လာလိုက်တာ နားမဆံ့ အောင်ပါပဲ။ ရွှေဈေးကွက် ငွေလဲဈေးကွက် အကုန်ပျက်ပြီး အ၀ယ်သာရှိလို့ အရောင်း မရှိတော့ပါဘူး။ နယ်စပ် ကုန်သည် လောက ပွက်လောရိုက်သွားပါတယ်။ ဆူပူမှုတွေ ဖြစ်တော့မယ် ဆိုတာလဲ ကြားရရဲ့။ ငါးထောင်တန် ထုတ်ပေလို့ .. တသောင်းတန်များ ထုတ်လိုက်ရင် ဒီပုံထဲကလို ပြည်သူတွေ ဖြစ်နေကြမှာ မြင်ယောင် ပါသေးတယ်။

3 comments:

maylay said...

ဟုတ်တယ် မမရယ်။ မြန်မာပြည်မှာ ဘယ်လိုနေကြမလဲ။ ဒီထိုင်းကနေ ဘယ်လိုငွေကို ဘယ်လောက်ကြာမှ တခါပို့ဖြစ်မလဲ မသိတော့ပါဘူး။ ငွေက တအားပွက်တော့မယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါပဲလား။

မျက်မှန်လေး said...

အင်း..တွေးရင်း၇င်လေးပါတယ်

သူကြီးမင်း (တုံးဖလား) said...

လိုက်တာလာ။
ဇမ္ဗူဒိပ်ကျွန်း၊ နိမိတ်ထွန်း၊ ကျမ်းညွန်းသေအချာ။