Friday, February 20, 2009

မေ့ခွန်အား

သမီးလေး အပြုံး
မေ့နှလုံးကို
ပီတိ ဖုံးစေ
အချစ်ဝေ….




သုံးရက်သမီးမှာ ရေချိုးရင်း ရီပြနေတဲ့ ကလေး
ငါးရက်သမီးမှာ အမေ့အသံကြားရင် ပြန်ထူးတတ်ပြီ “အဲ့” တဲ့။
ဆယ်ရက်သမီး အရောက်မှာ လေးဘက်ကုန်းထဖို့ မှောက်နေပြီ
ဆယ့်သုံးရက် အရောက် စကားလေးတွေ စပြောလို့
ဆယ့်ငါးရက်သမီးလေးက အမေရင်ခွင်က နို့စို့ဖို့၊ အဖေ့ ရင်ခွင်က လျှောက်လည်ဖို့၊ အဘွားရင်ခွင်က သူအိပ်ဖို့လို့ ခွဲခြား သိတတ်နေပြီ။
ဆယ့်ရှစ်ရက်သမီးမှာ သူ့လက်ထဲ ထည့်ထားတဲ့ အဖေ့လက်ချောင်းကို အားယူဆွဲလို့ ကြုံးထနေပေါ့။
ဒီနေ့ သမီးလေး တလပြည့်…
မွေးနေ့ကစပြီး အမြဲတမ်း ပြုံးပျော် ကြည်မွေ့ နိုင်ပါစေ သမီးရေ…

ကျေးဇူးတင်လွှာ။ ။ ၂လနီးပါး ဘလော့ပေါ် ဘာစာမှ မတင်နိုင်သော်လည်း ပုံမှန် လည်ပတ် နှုတ်ဆက် ဆုတောင်း ပေးကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူး တင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်ရှင့်။ မကြာခင် ဘလော့ပေါ်မှာ ပြန်လည် ဆုံဆည်းဖို့ မျှော်လင့်ပါတယ်။ ခုတော့ သမီးလေးက ကျွန်မရဲ့ အချိန်တွေကို အပိုင်ယူထားပြီ။ "အဲ့" ဆိုတဲ့ အမိန့်လေး တခွန်း အောက်မှာ အလုပ်တွေ များရင်း....

11 comments:

kay said...

ညီမရေ- အဖေချော..အမေချောမို့..သမီးလေးက..ချောချော လေး ပါလား။ အဲ့ အမိန့်ကိုပဲ နာခံ လိုက်ပါကွယ်။ ဘလော့ တာ ဖြည်းဖြည်းပေါ့။း)

:P said...

ပြုံးပြနေလိုက်တာ ချစ်စရာလေးးးး

Minn Yoon Thit said...

တူမလေးက ချောတယ်နော်..။ အမကော နေကောင်းရဲ့လား။ တူမလေးပုံ ယူသွားပြီ ဘလော့မှာ ပြန်တင်ထားလိုက်ပြီနော်..။ အမရော ကလေးပါ ကျန်းမာပါစေ။ စကားမစပ် တော်တော် မျက်နှာလေးက ၀င်းနေတာပဲ။ ထူးခြားမယ့် ကလေးပဲ။ :)

Unknown said...

dear girl,
Be nice and make proud of your mother.
Your mother love you so much although u belong to her just one month.
Have a nice day Ma Khon Mya Hlaing and your lovely baby.

Kaung Kin Ko said...

ပြုံးနေတာပဲ။ ချစ်စရာလေးး-)

ဆောင်း said...

လှိုင်ရေ. ကိုယ်တိုင် သားသမီးရလာတာနဲ့ တပြိုင်နက် ကိုယ့်မိဘတွေကို ချက်ချင်း စာနာစိတ်ပေါက်သွားမယ် ထင်ရဲ့နော်။ လှိုင့်အလှည့်တုန်းကလည်း လှိုင့်မိဘ တွေ ဒီလိုဘဲ မေတာပွား ချစ်ခဲ့ကြမယ် ဆိုတာ ယုံမှားသံသယ မရှိနိုင်ပါဘူးနော်။

Anonymous said...

အစ်မရေ..မွေးမိခင် မဆိုထားနဲ့ 
ညီမတို့ တောင် ကလေးပြုံးတာလေးကို ကြည့်ပြီး ပီတိဖြစ်ရတယ်
အစ်မရော သမီးလေးရော နေကောင်းပါစေနော်

တန်ခူး said...

သမီးလေးက လူဖြစ်မြန်လိုက်တာ… တလပြည့်ဆိုပေမယ့် အကုန်သိနေသလိုပဲ… မျက်လုံးလေးတွေကအစ ပြုံးလို့ … အဖေနဲ့ ပိုတူလား… အမေနဲ့ ပိုတူလား… မျက်နှာလေးက
ချိုနေတာပဲနော်… လှိုင်ရေ… မိခင်တယောက်ရဲ့လှပတဲ့ပေးဆပ်ခြင်းတွေပေါ့ ညီမရယ်… သမီးလေး တလပြည့်မှသည် နောင်နှစ်ပေါင်း ရာထောင်သောင်းထိ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ …

Anonymous said...

မလှိုင်ရေ.. လွတ်လပ်ရေးနေ့ မှာ သမီးချောလေးကို သဘာဝအတိုင်း မွေးဖွားပေးနိုင်တဲ့ အစ်မအတွက် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်...။ သမီးလေး ကျန်းမာပျော်ရွှင်ပါစေ..။ သမီးလေး ကျန်းမာပျော်ရွှင်ရင် မိဘတွေလည်း ပျော်မှာသေချာတာမို့  အစ်မအတွက် တော့ ဆုမတောင်းတော့ပါ..။

ရွှန်းမီ said...

ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ။ အားလုံးပျော်ရွှင်ပါစေနော်။

Anonymous said...

မင်္ဂလာပါ လှိုင်ရေ။ ၃ ရက်သားလေးကို ရေအကြာကြီး ချိုးမပေးနဲ့နော်။
ချစ်စရာလေးကွ လှိုင်နဲ့တူတယ်။