Monday, February 2, 2009

နေရာ

ဇန်န၀ါရီ ၂၉
ထပ်ထပ်တိုးတဲ့ ကြံ့ခိုင်ရေး သင်ခန်းစာတွေကို
သင်ရိုးမရှိတဲ့ ကျောင်းမှာ စူးစမ်း လေ့ကျင့်ရင်း
တနှစ်တင်းတင်း ပြည့်ခဲ့ပြီ။

တိုက်ပိတ်သတဲ့လား
ဒီမိုကရေစီ ဘာဝနာ ပွားရင်း
လွတ်လပ်ရေး ကမ္မဌာန်းကိုကျင့်
စိတ်စွမ်းအားတွေ မြင့်သထက်မြင့်
အတွေးအခေါ်နဲ့ ခံယူချက်တွေက ရင့်သထက်ရင့်လို့။

နှုတ်ဆင့်ကမ်းလိုက်ပါ သူငယ်ချင်း
လက်ဆင့်ကမ်းလိုက်ပါ သူငယ်ချင်း
နင်ရဲ့ အတွေ့အကြုံတွေကို
နင်ဆည်းပူးခဲ့တဲ့ သင်ခန်းစာတွေကို

မိုးကောင်းတုန်း ရွာထားစေဦးပေါ့
အမြဲမှန်တဲ့ အနိစ္စတရားထဲ
မိုးရာသီ ကုန်တဲ့နေ့
ငါတို့ ပြန်တွေ့ကြမယ်။

1 comment:

Moe Hlaing Nya said...

မခွန်မြလှိုင်ရေ ဇန်န၀ါရီ ၂၉ တိုင်း အမှန်တရာဆိုတဲ့ ၀ါကျတစ်ကြောင်း လွတ်မြောက်ဖို့ကို ကျွန်တော်တို့ မျော်လင့်နေရတုန်းပါ။