Wednesday, December 31, 2008

•.¸¸.* MERRY CHRISTMAS 2008 & HAPPY NEW YEAR 2009 *.¸¸.•






ဘယ်ပျောက်နေလဲ မရေခဲ

ဘလော့ပေါ် မရောက်တာ တလနီးပါး ကြာသွားပါတယ်။ ဘာလို့လဲ ဆိုတော့
ကိုယ်ဝန်ကြီး ၉လနဲ့ ပေါ့ပေါ့ပါးပါး ၃နိုင်ငံ ခရီးသွားပါတယ်။

ပြန်ရောက်တော့ ကလေးက သူလဲ အပြင်ထွက် လမ်းလျှောက်ချင်တယ် ထင်ပါရဲ့.. ဆေးရုံ ရောက်သွားပါရော…
ကုတင် အကျယ်ချုပ် ၃ရက် ကျပါတယ်။ (စိတ်ပိန်လိုက်တာ လွန်ရော)*

ဆေးရုံက ဆင်းတော့လဲ အာမခံ ၃ချက်နဲ့ ဆင်းရပါတယ်။
၂ကီလိုထက် လေးလံတာ မ “မ” ရ။
လမ်းများများ မလျှောက်ရ။
လှေကား အတက်အဆင်း များများ မလုပ်ရ။

အနှစ်ချုပ်ကတော့ အတတ်နိုင်ဆုံး လူရော စိတ်ပါ နားပါ.. တဲ့။ ရက်မစေ့ဘဲ လုံးဝ မမွေးပေးပါ.. တဲ့။ ဒါကြောင့် နားလိုက်ပါဦးမယ်။
နှစ်သစ်မှာ ပြန်လည် ဆုံတွေ့ကြတာပေါ့ နော်။ နှစ်သစ်မှာ လူသစ်လေးနဲ့ မိတ်ဆက်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော့ :D

5 comments:

JulyDream said...

မဗိုက် မဗိုက်
ပြောရဆိုရ ခက်လိုက်တာနော်။ ပြောပြန်ရင်လည်း မိကျောင်းမင်း ရေခင်းပြသလို ဖြစ်အုံးမယ်။ အနေအထိုင် ဆင်ခြင်။ ဒါပဲ။

:P

ရွှန်းမီ said...

:-) ပျော်ရွှင်ကျန်းမာကြပါစေ

:P said...

ကိုလူသစ်ကိုတောင် သတိရသွားတယ်.. ဟိ....
ခုလထဲပဲ မိတ်ဆက်ရမယ်ထင်တယ်နော်

Myo Thaw said...

online ခဏခဏမတက်ရလို့ နောက်စည်းကမ်းချက်တစ်ခုထပ်ထုတ်ပေးလိုက်မယ် .. ဟဲ ဟဲ ..

Bino said...

စိတ်ပိန်လိုက်တာ
You brought into existence as a baby
a mother's womb. Didn't you.
I think May your body become thin due to about that.
Don't be say စိတ်ပိန်လိုက်တာ.

May be I no understand above meaning.
Bino