Wednesday, August 13, 2008

International Youth Day ကို ကမ္ဘာက ဘယ်လိုမြင်လဲ

အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ (International Youth Day- IYD) ကို သြဂုတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာနဲ့ အ၀ှမ်း ခြိမ့်ခြိမ့် သဲသဲ ကျင်းပ နေကြပါတယ်။ ကမ္ဘာ့ ကုလ သမဂက ဦးစီး ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ လူငယ့် ညီလာခံ မှာ နိုင်ငံ အသီးသီးက လူငယ် ကိုယ်စား လှယ် များရဲ့ အကြံပြု တင်ပြ ထောက်ခံချက် အရ သြဂုတ် ၁၂ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အဖြစ် သတ်မှတ်ဖို့ 1999 ဒီဇင်ဘာ ၁၇ မှာ ဆုံးဖြတ်ချက် အမှတ် ၅၄/ ၁၂၀နဲ့ ဆုံးဖြတ် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် သြဂုတ် ၁၂ရက် နေ့က စတင် လို့ ဒီ အထိမ်းအမှတ်နေ့ကို တနှစ်တခါ မရိုး ရအောင် နှစ်အလိုက် ခေါင်းစဉ် အမျိုးမျိုးနဲ့ ကျင်းပ ခဲ့ကြပါတယ်။


Yearly Themes for IYD

2007 - Be seen, Be heard: Youth participation for development
2006 - Tackling Poverty Together
2005 - WPAY+10: Making Commitments Matter
2004 - Youth in an Intergenerational Society
2003 - Finding decent and productive work for young people everywhere
2002 - Now and for the Future: Youth Action for Sustainable Development
2001 - Addressing Health and Unemployment
First Observance of International Youth Day 2000

ဒီနှစ်ကို ကမ္ဘာ့ ကုလ သမဂ္ဂက လူငယ်နဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု : လှုပ်ရှားမှု လုပ်ဖို့ အချိန်ရောက်ပြီ ဆိုတဲ့ ခေါင်းစဉ် (“Youth and climate change: Time for action”)နဲ့ သတ်မှတ် ပေးခဲ့ပြီး ကမ္ဘာကျော် Times မဂ္ဂဇင်းက ဦးဆောင် ပြုလုပ်တဲ့ ဓာတ်ပုံ ပြိုင်ပွဲ ကိုလဲ ဒီခေါင်းစဉ်နဲ့ပဲ ကမ္ဘာ တ၀ှမ်းက လူငယ်တွေကို တရားမျှတ သန့်ရှင်းစွာ ပါဝင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပေးခဲ့ ပါတယ်။


ကမ္ဘာနဲ့ ချီတဲ့ ပြိုင်ပွဲ အမျိုးမျိုးကို လူငယ်များရဲ့ လူရည်လူသွေး မြင့်မားရေး ဆိုတဲ့ ရည်ရွယ် ချက် နဲ့ ပြုလုပ် ပေးခဲ့ ကြပါ သေးတယ်။ ဒီနှစ် မှာတော့ volvo က စပွန်ဆာ ပေးပြီး လူငယ် ဆိုတာ ဘ၀နဲ့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင် ဆိုတဲ့ အိုင်ဒီယာ နဲ့ Volvo Youth Sailing ISAF World Championship 2008 ကို ကျင်းပ ပြုလုပ် ခဲ့ပါတယ်။


ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးကလဲ အရေးတယူ တခုတ်တရ ပွဲကျင်းပလို့ ဂုဏ်ပြုတဲ့ အပြင် နိုင်ငံ အတော် များများက ၀န်ကြီးချုပ်များ သမတ များကလဲ သူတို့ နိုင်ငံက လူငယ်များ အတွက် အားပေးစကားများ ပြောကြား ခဲ့ကြ ပါသေးတယ်။ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်များရဲ့ အခန်းကဏ္ဍကို အစောတည်းက ကြိုတင် အားပေး လူ့စွမ်းအား မြှင့်တင် ထားတဲ့ သဘောပါပဲ။
ကျွန်မတို့ မြန်မာ နိုင်ငံမှာလဲ ဟိုးယခင်က တေဇ လူငယ်၊ လမ်းစဉ် လူငယ်၊ ရှေ့ဆောင် လူငယ်၊ လူရည်ချွန် အစရှိတဲ့ လူငယ့် အရည်အသွေးမြှင့် ပြိုင်ပွဲ စစ်စစ်တွေ၊ သင်တန်း စစ်စစ် တွေ ရည်ရွယ်ချက် နဲ့ စေတနာ မှန်မှန်နဲ့ ပြုလုပ် ကျင်းပ ပေးဖူးတဲ့ အချိန်လေး တစ်ခု တချိန်က ရှိခဲ့ ဖူးပါတယ်။

ခုများရော … ရှိနေရင် လက်တို့ ပြောပြ ပါဦးလို့….

ဆောင်းမြူနှင်း ဘလော့ကလဲ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ကို ခုလို ဂုဏ်ပြု ပို့စ်တင် ထားပါတယ်။


1 comment:

Steve Evergreen said...

"အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ (International Youth Day- IYD) ကို သြဂုတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာနဲ့ အ၀ှမ်း ခြိမ့်ခြိမ့် သဲသဲ ကျင်းပ နေကြပါတယ်။."
I had been watching BBC the whole day on 12. Only about Olympic and Georgia. I did not know that. Only when i visit your blog, August 12 is International Youth Day.. cool...Unfortunately, i am no longer youth. But a mature adult. Thanks anyway