Wednesday, May 7, 2008

အတိတ်တဘောင်၊ နိမိတ်ဆောင်

ဇမ္ဗူဒီပါ တောင်ကျွန်း သြဘာ နိမိတ်ထွန်းတဲ့။ ဒါ ဘာကြီးတုန်း လို့ ဆိုသူတွေကို ရှင်းပြပါမယ်။...

အဘိဓမ္မာ ကျမ်းဂန်လာ အရ မြင့်မိုရ်တောင်ရဲ့ တောင်ဘက်က ကျွန်းမှာ ဇမ္ဗူသပြေပင် ပေါက်လို့ ဇမ္ဗူဒိပ် ကျွန်းလို့ နာမည်တွင်ထိုက်သလို တကယ်လဲ အဲလို နာမည်တွင်လို့ အပြောနဲ့ အလုပ် ညီလို့ အဲဒီကျွန်းမှာ ပေါ်တဲ့ စကားတွေ နိမိတ်တွေဟာ မှန်ကန် ပါတယ်တဲ့။
ကျွန်မတို့ ကမ္ဘာကို ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်ပါသတဲ့.. ဒါဆို နိမိတ်တွေ မှန်သလား တိုက်စစ် ကြည့်ရ အောင်ပါ။

အ၀ါရောင် ကတုံး အတုံးအရုံး (စက်တင်ဘာ ၂၀၀၇)

ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ (ဖေဖော်ဝါရီ ၂၅ ရတနာပုံဈေး မီးလောင်မှု နှင့် မေ ၂ရက် တိုင်း၅ခုပျက် မုန်တိုင်း ၂၀၀၈)

“စိန်ပြီးရင် ရွှေလာမယ် ” တဲ့

“ယက်သယ်ကြား ငါးတင်၊ တင်တဲ့ငါးကို ကြောင်ကစား၊ ကျန်တဲ့ ယောက်ျား ကမ္ဘာ့သား” တဲ့

ကပ်ကစစ်လို့ ကစ်က စား.. ကျန်တဲ့ယောက်ျား ကမ္ဘာ့သားပါတဲ့…


ဘယ်တော့လဲ၊ ဘယ်သူလဲ၊ ဘာတွေ ဖြစ်ဦးမှာလဲ … မြန်မာနိုင်ငံဟာ ၂၀၀၆ စက်တင်ဘာတည်းက ပါပကပ်ထဲ ၀င်ခဲ့တာ ၂၀၁၀ မှ ကပ်ဆုံးပါမယ် ဒါတောင် ၂၀၁၂ ရောက်မှ သေချာပေါက် ပြန်ကောင်းမှာပါ။ အဆိုးဆုံး နှစ်များက ၂၀၀၈နဲ့ ၂၀၀၉ ပါ။ ကပ်ကြီး ၃ပါးလုံး မြင်ထားပါတယ်။ ကျန်ချင်ရင်၊ ပန်ချင်ရင် ပျို့မောင်ကြီးရယ် ခေါင်းဖြီးခဲ့လေး လို့သာ အမှာတော် ပါးချင်ပါတော့တယ်ရှင်…

2 comments:

ရွှန်းမီ said...

မလှိုင်ရေ..
ီဒီလောက် အားတက်သရော ကူညီဝိုင်းဝန်းချင်တဲ့ စေတနာရှင်တွေ ပေါ်နေတဲ့ ကြားက ၂၀၁၀ မှ ဘေးဆိုးတွေ ရပ်ပြီး ၂၀၁၂ မှာ ပြန်ပြီး ထူထူထောင်ထောင် ဖြစ်မယ် ဆိုပါလား။
ဘယ်သူမှ လှည့်မကြည့်ဘဲ ပစ်ထားရင် ဘယ်တော့မှ ဘယ်လိုနေမယ် မသိနိုင်လောက်ဘူး နော်။
နည်းလမ်းမှန်နဲ့သာ မကူနိုင်တော့ဘူး ဆိုရင်လည်း အဲဒီ မှန်းထားတာတွေထက် မစောနိုင်တော့ဘူးပေါ့ နော်။

တန်ခူး said...

လှိုင်ရေ…ဒီထက်ဆိုးဦးမှာတဲ့လား…အောက်က တဘောင်တွေကို ဘယ်လိုဘာသာပြန်ရမလဲဟင်…