Thursday, May 15, 2008

လူသားချင်း စာနာမှု ဆိုတဲ့ ကိုယ်ချင်းစာတရား မှာ လူမျိုးရေး နဲ့ သမိုင်းပေး အမုန်း မပါ

ထိုင်းမြန်မာ လေဘေး ကူညီရေး အဖွဲ့ (ယာယီ- ထိုင်းနိုင်ငံ) ဖွဲ့စည်းခြင်း ကြေငြာချက်
ရက်စွဲ။။ မေလ(၈)ရက် ၂၀၀၈ခုနှစ်

ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သားများ၊ ကျောင်းသူ ကျောင်းသား များအား အသိ ပေးအပ် ပါသည်။

မေလ (၂) ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံတွင် တစ်နာရီလျှင် (၁၂၀) မိုင်နူန်းဖြင့် (Nagris) နာဂစ် အမည်ရှိ ဆိုင်ကလုန်း လေပြင်း မုန်တိုင်း တိုက်ခတ် သွားသဖြင့် ဧရာဝတီတိုင်း။ ရန်ကုန်တိုင်း။ ပဲခူးတိုင်း။ မွန်ပြည်နယ်။ တနင်္သာရီတိုင်း တို့တွင် လူပေါင်း သိန်းချီ သေကြေ ခဲ့ရပြီး လူသောင်းပေါင်း များစွာ ပျောက်ဆုံး နေသည့် အပြင် လူသန်းနှင့် ချီ၍ အိုးမဲ့အိမ်မဲ့ အခြေအနေ ဖြစ်နေ ကြရ ပါသည်။ အဆိုပါ ဒေသ များမှ လေဘေး ဒုက္ခသည် များမှာ နေစရာ။ ၀တ်စရာ။ အစားအစာ။ ဆေးဝါးတို့ မရရှိ နိုင်ကြသော အခြေ အနေ တွင်ရှိနေ ပါသည်၊ ဤအခက်အခဲ များအား နိုင်ငံ တကာ အစိုးရ များနှင့် (NGOs) များမှလည်း ကူညီရန် ပြင်ဆင် နေကြ ပါသည်၊ ကျွန်ုပ်တို့ အနေ ဖြင့်လည်း တတပ် တအား ကူညီ နိုင်ရန် အောက်ပါ သဘောထား ကြေငြာချက်ကို ထုတ်ပြန်ကြေငြာ အပ်ပါသည်၊

(၁) အစုအဖွဲ့ အမည်ကို “ထိုင်းမြန်မာ လေဘေး ကူညီရေး အဖွဲ့ (ယာယီ- ထိုင်းနိုင်ငံ)” ဟုခေါ် ဆိုသည်။
(၂) စုပေါင်းလှူဒါန်းမှူ အစုစုကို ဆရာတော် ဦးဇောတိက မှတဆင့် မြန်မာ ပြည်တွင်းရှိ ဂုဏ်သရေရှိ ကူညီရေး အဖွဲ့ များသို့ ဖြတ်သန်း စီးဆင်းမည်၊
(၃) အလှူခံမည့် အရာ များမှာ ငွေ။ ဆေးဝါး။ အ၀တ်အထည်နှင့် တာရှည်ခံ အစားအသောက်များ လက်ခံမည်၊
(၄) ပထမအဆင့် လှူဒါန်းမှူကို မေလ (၁၄) ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဒုတိယနှင့် တတိယ အဆင့် များကို မေလ ကုန်နှင့် သင့်တော်သော ဇွန်လ ရက် တရက်တွင် အကောင်အထည် ဖော်သွားမည်၊ လှူဒါန်းမှူ ကာလကို ယာယီ အားဖြင့် (၂) လ သတ်မှတ်သည်၊
(၅) လှူဒါန်းငွေ အားလုံးကို အောက်ပါ ဘဏ်စာရင်းသို့ ပေးသွင်းရမည်၊
အမည် Mr. Ven Jotika
ဘဏ်အမှတ် ၁၅၅၂၀၆၀၇၄၉
ဘဏ် Thai Military Bank (TMB)
(၆) ထိုင်းနိုင်ငံသားများ ကိုယ်စား Khun Nassir Achwarin(TACDB) ခွန်နတ်ဆားအက်ရှဝါလင် နှင့် Khun Adison Kertmorn(Peaceway Foundation) ခွန်အဒီဆန်ကတ်မောင်းကိုးလ် တို့မှ တာဝန် ယူမည်၊
(၇) ပွင့်လင်းမြင်သာမှူ ရှိစေရန်အတွက် အင်တာနက်ကွန်ယက်blog တစ်ခုကို (မြန်မာ။ ထိုင်း။ အင်္ဂလိပ်) ဘာသာများဖြင့် ဖန်တီးထားပါသည်။

ဆက်သွယ်ရန် ပုဂ္ဂိုလ် များမှာ အရှင် ဇောတိက (၀၈၄၆၄၆၅၆၆၃)
အရှင် က၀ိန္ဒ (၀၈၇၅၁၀၉၁၄၁)
ခွန်နတ်ဆားအက်ရှဝါလင် (၀၈၁၆၁၈၁၉၂၉)
ခွန်အဒီဆန်ကတ်မောင်းကိုးလ် (၀၈၉၇၈၈၇၁၃၈)

ဆက်သွယ်ကာ အလှူပေးလှူ နိုင်မည့် လူစာရင်း ကို “Thai Burmese Committee for Assistance to Cyclone Disaster Victims” (temporary organization) ၏ ဘလော့ တွင် တိုက်ရိုက် သွားရောက် ကြည့်ရှု နိုင်ပါသည်။

No comments: