Sunday, March 16, 2008

ဘာပဲ ဖြစ်ဖြစ်

သူတို့ ငါတို့ကို ဘယ်လိုပြောပြော
သူတို့ ဘာတွေလုပ်နေနေ
သူတို့ ငါတို့ကို ဘာတွေသင်သင်
ငါတို့ရဲ့ မှန်ကန်တဲ့ ယုံကြည်ချက်ကိုပဲ ဆက်လက် ဆွဲကိုင်သွားမယ်….

သူတို့ ငါတို့ကို ဘယ်လိုခေါ်လို့ ကင်ပွန်းတပ်တပ်
သူတို့ ငါတို့ကို ဘယ်လိုတိုက်ခိုက် တိုက်ခိုက်
သူတို့ ငါတို့ကို ဘယ်နေရာကို ဘယ်လို သွေးဆောင် ခေါ်ယူ ခေါ်ယူ
ငါတို့ သွားမယ့်လမ်းကို ငါတို့ ဖာသာ တွေ့အောင် ပြန်ရှာ ဆက်လျှောက်မယ်…

ငါ့ ယုံကြည်ချက်ကို ငါမငြင်းနိုင်
ငါမဟုတ်တဲ့ ငါကို ငါအဟုတ်လို့ မလုပ်နိုင်
ဒီအချက်ဟာ ထာဝရ ချစ်သွားမယ် ဆိုတာ ငါသိသလို
ဒီအချက်ကို ဘာပဲဖြစ်ဖြစ် ငါချစ်မြတ်နိုးတယ်လို့လဲ ငါသိတယ်….

အကယ်၍ မျည်ရည်တွေသာ ရယ်စရာတွေဖြစ်လာမယ် ဆိုရင်
အကယ်၍ ညတွေသာ နေ့တွေ ဖြစ်လာမယ် ဆိုရင်
အကယ်၍ တောင်းဆုတွေသာ ပြည့်ဝ လာမယ် ဆိုရင်
ငါတို့ဟာ လောကသစာ ပရမတ္တ သစာ တွေကို သိလာလိမ့်မယ်….

ပြီးတော့ ငါဟာ သင်တို့ကို လုံခြုံအောင် သန်စွမ်း ကြံ့ခိုင်အောင် ထားပါ့မယ်
နောက်ပြီး မုန်တိုင်းတွေကနေ အကာအကွယ်ပေးပါ့မယ်
ဘယ်လောက်ပဲ ၀န်ထုပ် ၀န်ပိုး ဖြစ်နေပါစေ
အိပ်မက်ဟာ မွေးဖွားနေပြီလေ…..

သူတို့တွေ ဘယ်နောက်ကို လိုက်နေပါစေ
သူတို့တွေ ဘယ်ကို ဦးတည် ခေါင်းဆောင်နေပါစေ
သူတို့ ငါတို့ကို ဘယ်လို တရား စီရင် ချက် ချနေပါစေ
ငါဟာ သင်တို့ လိုအပ်တဲ့ လူ အဖြစ် ရှိနေမယ်…

နေဟာ ရောင်ခြည် မဖြာ မထွန်းလင်းနိုင်တာ ဖြစ်ပါစေ
သို့မဟုတ် ကောင်းကင်ပြာက သာယာနေပါစေ
အဆုံးသတ်က ဘယ်လိုကြီး ဖြစ်နေပါစေ
ငါက သင်တို့နဲ့ အတူ ဘ၀ကို စချင်ပါတယ်…

ငါ့ ယုံကြည်ချက်ကို ငါမငြင်းနိုင်
ငါမဟုတ်တဲ့ ငါကို ငါအဟုတ်လို့ မလုပ်နိုင်
ဒီအချက်ဟာ ထာဝရ ချစ်သွားမယ် ဆိုတာ ငါသိသလို
ဒီအချက်ကို ဘာပဲဖြစ်ဖြစ် ငါချစ်မြတ်နိုးတယ်လို့လဲ ငါသိတယ်….
ဘာကြီးပဲ ဖြစ်ဖြစ်ပါ
ဘယ်လိုကြီးပဲ ဖြစ်ဖြစ်ပါ…..

ဒီတစ်ခေါက်တော့ ကျွန်မ အကြိုက် နှစ်သက်ဆုံး သီချင်းလေး တစ်ပုဒ်ကို ကျွန်မ ခံစားမိသလို ဘာသာ ပြန်ပြီး မျှဝေ လိုက်ပါတယ်။ ဒီသီချင်းလေးကို ကျွန်မနဲ့ မိတ်ဆက်ပေးတဲ့ ကျွန်မ အချစ်ဆုံး တစ်စုံ တစ်ယောက်ကို ဒီနေရာ ကနေ ကျေးဇူး တင်လိုက်ပါတယ်။

မူရင်း သီချင်းလေးကို Boyzone Andrew Lloyd Webber (music)/Jim Steinman(lyrics) တို့က ဒီလို ဆိုထားပါတယ်





No comments: