Saturday, March 29, 2008

၂လပြည့်တဲ့ ရက်ပေါင်း ၆၀

အနုပညာကို ခုံမင် ရူးသွပ်သူ တစ်ယောက်

ကိုယ့်ကိုယ်ကို သတ်မသေခင် “ပရိသတ်ကို လိမ်တာ အကြီးဆုံး ရာဇ၀တ်မှုမို့ ကိုယ့်ကိုယ်ကို အပြစ်ပေးတယ် ” ဆိုပြီး သေတမ်းစာ ရေးခဲ့တဲ့ Kurt Cobain ရဲ့ အနုပညာနဲ့ ပရိသတ် အပေါ် ထားတဲ့ စိတ်ထားကို လေးစားလို့ သူ့ရဲ့ အတ္ထုပတ္တိ စာအုပ် ဖတ်ချင်တယ်လို့ ထောင်ဝင်စာ တွေ့လာသူ မိခင်ကို ပူဆာတဲ့ တေးရေးသူ

အနုပညာကို ပီယဆေးလို အလွဲမသုံး ဘဲ ခံစားချက် စစ်စစ်နဲ့ ထုဆစ်ခဲ့လို့ လိပ်ပြာသန့်တယ် ဆိုတဲ့ ဘလော့ဂါ အနုပညာသည်

ကောင်းကင်မဲ့ ငှက်တစ်ကောင်လို့ ကိုယ့်ကိုယ်ကို တင်စားရင်း ပျံသန်းချင်တဲ့ တောင်ပံ တစ်စုံ အတွက် ကောင်းကင်သစ် ကို ဖန်တီး ဖွင့်လှစ် ခဲ့တဲ့သူ

ခုတော့ လူက သံတိုင်နောက်မှာ ၂လတာ.. အချိန်တွေ ကြာလင့် ခဲ့ပြီ.. ဒါပေမယ့် နင့်အတွေးတွေ စိတ်ကူးကောင်းကင်ထဲမှာ ပျော်ပျော်ကြီး ပျံသန်း နေနိုင်ပါစေ… ငြိမ်းချမ်းပါစေ သူငယ်ချင်း..

မိုးကောင်းတုန်းတော့ ရွာစေဦးပေါ့… မိုးဟာ အမြဲ မရွာနိုင်ပါဘူး …

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်..
ငါတို့ ပြန်တွေ့ကြမယ်…..

3 comments:

စိုးထက် - Soe Htet ! said...

အမှန်တရားဆိုတာ ... အမြဲ ပျောက်ကွယ် မနေနိုင်ပါဘူး :)

Anonymous said...

တခါတလေမှာ အမှန်တရားဟာ.. ပျောက်ကွယ်နေဆဲ...

Unknown said...

စစ်မှန်တဲ့ အမှန်တရားကို ဘုရားရှင်နှင့် တကွ သူတော်ကောင်းတွေ ကောင်းချီးပေးကြပါလိမ့်မယ်။ :(