Wednesday, March 19, 2008

ပေါ့ပေါ့ပါးပါး လှလှပပ

ဘယ်သူ ဆွဲလို့ ဘယ်သူ ဓာတ်ပုံရိုက်လဲ မသိပါဘူး။ သူငယ်ချင်းတစ်ယောက် ဖော်ဝပ်လုပ် ပို့လိုက်တဲ့ အီးမေးလ် ထဲက ပုံလေးတွေ ကိုဒီဇိုင်းနဲ့ အိုင်ဒီယာကို သဘောကျလို့ ဝေမျှ လိုက်တာပါ.. မြန်မာ့ ရှုခင်းတွေကို ငှက်တောင်မွေးပေါ် တင်လိုက်ရရင်လို့ တွေးမိပေမယ့် ငှက်လေးတွေ သီးသန့် အသတ်ခံရ မှာကိုတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အိမ်သုံး ကြက်မွေးချည့် သက်သက် လုပ်ပစ်တာထက် စာရင်တော့ အနုပညာ လက်ရာ မြောက်တာပေါ့နော်.. ဈေးကွက် တစ်ခု အနေနဲ့ သက်သက် စဉ်းစား မိတာပါ။ ထောင့်စေ့အောင်တော့ မစဥ်းစားချင်ပါဘူး.. တောတွင်း တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေနဲ့ ငြိကုန် ရှုပ်ကုန်မှာလဲ စိုးရတယ် မဟုတ်လား...





















1 comment:

Anonymous said...

မျှဝေဖေါ်ပြပေးတာ ကျေးဇူးကမ္ဘာပါ။