Tuesday, February 19, 2008

ဇာပ၀ါပါး ကန့်လန့်ကာ ခြားတဲ့ စည်း

စိတ်ထက်ခြင်းနဲ့ ငါတကော ကောခြင်း
ရပ်တည်ချက် ခိုင်မြဲခြင်းနဲ့ ခေါင်းမာခြင်း
တော်၊ တတ်ခြင်းနဲ့ တလွဲဆံပင် ကောင်းခြင်း
ရိုးသားခြင်းနဲ့ ရိုးအခြင်း
လိမ်မာ ပါးနပ်ခြင်းနဲ့ ဖျံကျ လူပါးဝခြင်း
ရိုသေခြင်းနဲ့ အောက်ကျို့ခြင်း
လေးစားခြင်းနဲ့ ကြောက်ရွံ့ခြင်း
ဖော်ရွေခြင်းနဲ့ ဖော်လံဖား လုပ်ခြင်း
ဟာသဉာဏ် ရွှင်ခြင်းနဲ့ ပေါချာချာ နိုင်ခြင်း

So Close ဇာတ်ကားကို ကြည့်ပြီး စဉ်းစားမိတဲ့ စည်းလေးတွေပါ။ ဘော်ဘော်တို့လဲ စိတ်ကူး တည့်ရာ ခေါင်းစဉ် ကို ပို့စ်အဖြစ် ဆွေးနွေး ချင်စိတ် ရှိရင် ဆွေးနွေး ပေးကြပါဦးနော်။ အတွေးအမြင်လေးတွေ ဖလှယ် ချင်လို့ပါ။

1 comment:

MELODYMAUNG said...

သူဇာရေ လိုတာထက်ပိုသွားပီး ကာလံဒေသံ အဂ္ဂံဓနံဆိုတဲ့အတိုင်း အခြေအနေ အချိန်အခါပေါ်မူတည်ပြီး စည်းလေးခြားသွားတာ ထင်ပါတယ်
နောက် ကောင်းတဲ့ဘက် မကောင်းတဲ့ဘက် ဘယ်ဘက်က သုံးမိသလဲ ပေါ်လဲမူတည်မယ်ထင်ပါတယ်(တွေးမိတာလေးပါကွယ်)