Sunday, February 10, 2008

ဘ၀လက်တွဲဖော်

နည်းပညာ တကသိုလ် ကျောင်းဆင်းရယ် မပြောရဘူး။ မသမုဒယ ပြောလို့ သူ့ဘလော့မှာ တွေ့ပေမယ့် အမှန် အတိုင်း ရေးလိုက်ရင် ရိုက်ပေါက်တွေ ဖြစ်ကုန်မှာ စိုးလို့ သာသာလေး ငြိမ်နေမဟဲ့လို့ တိတ်တိတ်လေး နေတာ မရဘူးဗျာ.. မလေးမ တို့များ ဘလော့တိုင် စီဘောက်စ် ရောက် လာအော် သွားတယ်.. တက်ထားတယ်တဲ့.. ဟွန့်.. ရေးချင် လျက် အော်ချက်ထုတ် အဲ.. ဟုတ်ပေါင်.. ကဲ .. ကဲ.. လာထားး

လက်မထပ်ခင် တစ်နှစ် အလို အထိ အိမ်ထောင်ပြုဖို့ လက်တွဲဖော် ရှာဖို့ လုံးဝ (လုံးဝ) စိတ်မကူး ထားပါ။ မှတ် ကရော နော်.. ပြတ်သားတယ်.. အကြောင်းပြချက်က မိဘ ၂ပါး တခြိမ်းခြိမ်း စကားများ လွန်းလို့ အိမ်ထောင် ရေးကို စိတ်ကုန်တာ ဖြစ်ပါတယ်.. ရည်းစား မထားရခြင်း အတွက် အကြောင်းပြချက်က

၁. အကိုဝမ်းကွဲ လေးဆယ်ကျော်နဲ့ အတူ ကြီးပြင်း လာတာ ဖြစ်ခြင်းကြောင့် ယောက်ျားတွေ အကြောင်းကို နောကြေအောင် သိပြီး သကာလ ယောက်ျား အများစုကို ကြောက်သောကြောင့် လည်းကောင်း (မယုံလို့ လို့ ပြောရင် အမြင်ကတ်မှာ စိုးလို့)၊

၂. တွေ့မြင်ဖူးသော ယောက်ျား အများစု ပါးစပ်က ပြောထွက်သော အချစ် ဆိုသည် ကြီးကို မယုံသောကြောင့် လည်းကောင်း (ယောက်ျားတွေ အကုန်လုံးလို့ ပြောဘူးနော်)၊

၃. အကိုတွေနဲ့ (Chess, acrobat, မြင်းစီး၊ စက်ဘီး၊ အဲ. အများကြီးပြောရင် ကိုယ့် အကြောင်း လူသိတယ်.. ယောက်ျားလေး အများစု လုပ်တတ် ကစားတတ် တာထက် နည်းနည်း ပိုလောက် အောင်ကို) ပြိုင်ဆော့ နေကျ မို့ တော်ရုံ ယောက်ျားလေး များကို အထင်မကြီးခြင်း (နင်တို့လောက်တော့ ငါ အားလုံး လုပ်တတ်တယ် ဆိုပြီး ဘာမှ အားမကိုး သောကြောင့် ကျောင်းမှာ နေဘုန်းလတ် တခါ ပြောဖူးသော စကားကို သတိရ မိပါ သည်။ နင် ဒီလောက်တောင် ယောက်ျားလေး တွေကို ပြိုင်ချင်နေရင် ငါနဲ့ ခြင်းပြိုင်ခတ်မလားတဲ့.. ခြင်းနုဆို လာထား ဆို တော့ မဟုတ်ဘူး၊ ပိုက်ကျော်ခြင်းတဲ့.. ငါက ပုဆိုး ခါးတောင်း ကျိုက်ပြီး ခတ်မှာ.. နင်က ထမီ ခါးတောင်း ကျိုက် ပြီး ခတ်နိုင်လား တဲ့ @#$%^&* သူငယ်ချင်းရေ … နင်ပြန် ထွက်လာရင် ငါ ရှမ်းဘောင်းဘီ ၀တ်ပြီး နင်နဲ့ ပြိုင် ခတ်မယ် ဟယ်.. ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံနိုင် ပါစေ)

ငယ်ငယ်တည်းက ဖတ်ဖူးပါတယ်။ ဘုရားဟောတဲ့ ဇနီးသည် (၇) မျိုးပါ။ အမေနဲ့တူသော ဇနီး၊ နှမနဲ့ တူသော ဇနီး၊ အဆွေခင်ပွန်းနဲ့ တူသော ဇနီး၊ ကျွန်နဲ့ တူသော ဇနီး၊ အရှင်သခင်နဲ့ တူသော ဇနီး၊ သူသတ်နဲ့ တူသော ဇနီး၊ သူခိုးနဲ့ တူသော ဇနီး တဲ့.. အမေ၊ နှမ၊ မိတ်ဆွေ၊ ကျွန်နဲ့ တူတဲ့ ဇနီး မျိုးက နတ်ပြည်ရောက်ပြီး ကျန် ဇနီး မျိုးတွေက ငရဲပြည် ရောက်သတဲ့။ ဒါဆို အပြန်အလှန် အားဖြင့် အဖေ၊ အကို၊ မိတ်ဆွေ၊ ကျွန် နဲ့ တူတဲ့ ခင်ပွန်း ယောက်ျားတွေ နတ်ပြည် ရောက်မှာ ပေါ့နော်။ အဲလို ကတ်သီး ကတ်ဖဲ့ တွေးတာပါ။ ကျွန်လို ဆက်ဆံဖို့ ကို ရော အဆက်ဆံ ခံရဖို့ကိုပါ စိတ်ကို မကူးတာပါ။ ယဉ်ယဉ် ရိုင်းရိုင်း ကျွန်စနစ်ကို မွေးရာပါ မုန်းပါတယ်။ ဘ၀ လက်တွဲဖော်ကို အဖေ၊ အကို၊ မိတ်ဆွေ နဲ့ တူသော လူ ဖြစ်ရမယ်လို့ တမင် မတွေးထား ပေမယ့် သူငယ်ချင်း ယောက်ျားလေး တွေကို အဲလို ဆက်ဆံလို့ ရတဲ့ သူကိုပဲ ရွေးပေါင်းမယ် လို့တော့ တေးဖူး ပါတယ်။

ကံမကောင်းစွာ လေဖြတ်ပြီး နိုင်ငံခြားက ဆေးရုံပေါ် အထီးကျန်မဟုတ်ဘဲ အမကျန် ရောက်နေချိန်၊ တသက် လုံး လက်တွန်း လှည်းပေါ် နေသွား ရမယ် ဆိုလဲ တသက်လုံး ပေါင်းပါမယ် ဆိုပြီး လက်ထပ်ခွင့် တောင်းခဲ့တဲ့ သူငယ်ချင်းကို လက်ခံ ခေါင်းငြိမ့်ပြီး ၃လ အတွင်း ခင်ပွန်း သည် အဖြစ် ကံကောင်းစွာ လက်ထပ်ခဲ့ပါတယ်။ ပို ကံကောင်းတာက အဖေလို အကိုလို စိတ်ရှည်ပြီး (ကျွန်မ အဖေ ကတော့ စိတ်မရှည်တဲ့ အပြင် ပေါက်ကွဲ တတ်ပါ သေးတယ်။ စိတ်ရှည်တဲ့ အဖေကို ရည်ညွှန်း တာပါ) ချစ်တတ်တဲ့ အထိ စောင့်မယ် တဲ့လေ။ ထပ်ဆင့် ကံကောင်း တာကတော့ သူက အရက်ဆို allergy ဖြစ်လို့ သောက်မရ၊ ဆေးလိပ်ဆို သူကိုယ်တိုင်က အနံ့ မခံနိုင်၊ လောင်းကစားကို မွေးရာပါ အမြင် ကတ်လို့ အင်ဂျင်နီယာ ဖြစ်လျက် ဖဲတောင် မရိုက်တတ်၊ အနှိပ် ခန်းဆို ကျွန်မ က သူ့ကို ထိတာတောင် ယားတတ် တဲ့လူ၊ ကွမ်းစားတဲ့ ပါးစပ်ကို မုန်း၊ မိန်းမ ပွေဖို့ နေနေ သာသာ မိန်းကလေး များ အပေါ် ထားတဲ့ သဘော ထားကို သူရေး ထားတဲ့ ဟောဒီ ပို့စ်မှာ ဖတ်နိုင်ပါတယ်.. တော်တော် ကြီးကျယ် တဲ့လူ.. ဘယ်လို သမီး ရမလဲ မသိဘူး ဟိဟိ.. ဘယ်လို မိန်းမမျိုး ရတယ် ဆိုတာတော့ စာဖတ် ပရိသတ်ကြီး ကိုယ်တိုင်ပဲ ဆုံးဖြတ် ပေးလိုက်ပါ နော်..

ကဲ.. မလေးမနဲ့ ဘော်ဘော်တို့ရေ ကျေနပ်တယ်ဟုတ်.. မကျေနပ်လဲ ဒီလောက်ပဲ ကြောကြမယ်တွာ.. ကျေနပ်လိုက်ကြပါ နော်..

5 comments:

Anonymous said...

မလှိုင်ရေ..ရိုက်ပေါက်မဟုတ်ပါဘူး...။ လူငယ်တွေ မှတ်စရာ ရတာပေါ့..။ မလှိုင် ခင်ပွန်းရေးထားတာလည်း ၀င်ဖတ်ခဲ့တယ်...။
မလှိုင်တို့ အိမ်ထောင်ရေး ထာဝရ ချမ်းမြေ့ ပါစေရှင်..။

thamudayanwe said...

ဟိတ်.. ကျုပ်ပြောပဲပြောတာနော် မေေ၇းရသေးဘူး

Anonymous said...

အစ်မလှိုင်ရေ .. အစ်မလှိုင်တို့ မိသားစု သက်ဆုံးတိုင် ပေါင်းဖက်ရပါစေ။

စိုးထက် - Soe Htet ! said...

ဝေးး သားသမီး တစ်ရာ မြေး တစ်ဖြာနဲ့ အိုအောင် မင်းအောင် ပေါင်း ကြ ရပါစေ ဗျို့ :D

Chit Lay Pyay said...

မကျေနပ်ဘူးကွ၊ ကိုယ့်အကြောင်း ကိုယ်လဲ ပြောပြမှပေါ့၊ ဒါမှ သိရမှာပေါ့ နော့၊ ညီမတို့ မိသားစု လေး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အသက်ထက်ဆုံး အိုအောင် မင်းအောင် ပေါင်းရပါစေ၊