Thursday, January 3, 2008

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် မြန်မာပြည်က Green Energy

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်ပယ်မှာ အရေးတကြီး ပြောဆိုနေတာ လေထု ညစ်ညမ်းမှု ကာကွယ်ရေးပါ။ လေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာကြီး ပိုမို ပူနွေးလာတယ် ဆိုတာကိုလဲ သုတေသန များနဲ့ သက်သေ ပြနိုင်ပြီမို့ လေထုကို ညစ်ညမ်းစေတဲ့ အဓိက အကြောင်းရင်းတွေ ရှာဖွေရာမှာ လောင်စာကို သွားတွေ့ပါတယ်။ လောင်စာဟာ မရှိမဖြစ် စွမ်းအင် ကို ထုတ်လုပ်ပေးသူ ဖြစ်ပြီး လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ ဘေးထွက် မီးခိုး (ဓာတ်ငွေ့) ဟာ လေထု ညစ်ညမ်းစေတဲ့ အဓိက အကြောင်းရင်း ဖြစ်လာနေပါတယ်။ ဒါကြောင့် သူများတွေရဲ့ တိုင်းပြည်မှာ အခုဆို လေထုကို ညစ်ညမ်းမှု လျော့ နည်း စေတဲ့ လောင်စာအဖြစ် hybrid fuel၊ biodesil၊ sun power နောက်ဆုံး water fuel ဆိုပြီး ရေရဲ့ h2o ကို ဓာတ်ခွဲပြီး hho ဓာတ်ငွေ့ ထွက်အောင် လုပ်ပြီး ကားမောင်းနေတာပါ။ လျှပ်စစ်ဓာတ်ကို ထုတ်ရာမှာလဲ အရင်က ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အား ပေးစက် ကနေ ရေအား လျှပ်စစ်၊ အနုမြူ လောင်စာသုံး လျှပ်စစ်၊ နေရောင် ခြည်သုံး လျှပ်စစ်၊ လေတိုက် အားသုံး လျှပ်စစ်ကို ထုတ်ကြ ပါတယ်။ အဲ.. သူများကို နှိပ်စက် ညှင်းပန်းမှ စိတ်ချမ်းသာ တာလား မသိ.. ဘယ် နိုင်ငံ မှာမှ မတွေ့ဖူး သေးတဲ့ နည်းသစ်ကို မြန်မာပြည်က တီထွင်ပါတယ်။ မြန်မာပြည်က နွားကို ဆုံမှာတပ်ပြီး လျှပ်စစ် ထွက်အောင် လုပ်တယ်လေ။ နွားကို ဆီဆုံမှာ တပ်မောင်းပြီး ၂ပေ ဖန်ချောင်းထွန်းတာ နွားတွေ သနားပါတယ်။ တခြား မီးလင်း စရာတွေ အများကြီးပါ။ ပြည်သူပိုင် ရေနံနဲ့ ဓာတ်ငွေ့ တွေကျ သူများ ရောင်းစားပြီး ပြည်တွင်းက ရှိသမျှ သက်ရှိကျ နွားထီးချိုက နို့ထွက်အောင် ညှစ်တယ်လို့ ပြောရပါ တော့မယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ နွားကို မြက်ကျွေးမောင်းတဲ့ energy မှာ ဘာ waste မှ ထွက်ဖူးလေ။ အော် နွားချေးလား.. သဘာဝ မြေသြဇာ ရသေး တယ်လေ။ gree energy ပါဆိုမှ စိမ်းသလား မမေးနဲ့.. မြက်ကျွေးပြီး ရတဲ့ energy လေ။ အခန်းတွင်း အပူငွေ့ ပေးတဲ့ အချမ်းပြေနည်းမှာ… ပဲကြီးလှော် စားပြီး လေပုပ် ထုတ်ဆေး သောက် အီး ပေါက် ရင် နွေးတယ်လို့ အဲဒါ biogas.. နွားကို မြက်ကျွေးပြီး လှည်းမှာ တပ်မောင်း၊ ဒီထက် စစ်တဲ့ bioenergy, green energy ရယ်လို့ မရှိနိုင် တော့ဘူး။ တော်လိုက်တဲ့ မြန်မာ တွေနော်..

ဓာတ်ပုံကို ကိုနစ်နေမန်း ဘလော့မှ ယူထားပါသည်။


မြက်ထည့်မောင်းသော မြန်မာပြည်ထုတ် သယ်ဆောင်ရေးယာဉ် မရိုးနိုင်သော နွားလှည်း (green energy စစ်စစ်)ဒီဓာတ်ပုံကို ချစ်စရာ ညီမလေး Pinkgold ရဲ့ ဘလော့က ယူလာတာပါ

3 comments:

Unknown said...

အဲလို တကယ်လုပ်မယ်ဆိုရင်တော့ မြန်မာပြည်မှာရှိတဲ့ မြန်မာလူသားတွေ နှလုံးသားမဲ့ကြောင်း သက်သေထပ်ပြသလို ဖြစ်ပြန်ပီ..ဘယ်လို idea နဲ့များ ဒီလို လုပ်ဖို့ကြိုးစားကြပါလိမ့်...
သူများနိုင်ငံမှာ လူမပြောနဲ့ တိရိစ္ဆာန်တွေရဲ့ အသက်တောင် အလေးထားနေကြတာ ..
မြန်မာပြည် ဒီလောက် ဖြစ်ချောင်း အင်းအိုင်ပေါတာ
ထုတ်ကြပါလား အသေးစား ရေအားလျှပ်စစ်လေးတွေ
ဒုက္ခပါပဲ..

ရွှန်းမီ said...

မလှိုင် နွားအောက်က ဘာပုံကြီး တင်ထားတာလဲ

Doughnut IO said...

စွမ်းအင်တည်မြဲခြင်း နိယာမကို သေချာ နားမလည်သေးတဲ့ ၆ တန်းကျောင်းသားဘ၀က အဲဒါတွေကို ကျွန်တော်လဲ လုပ်ရင် ရမှာပဲ လို့ ထင်ခဲ့မိဖူးပါတယ်။ အခု ဒါတွေကို နိုင်ငံတော်အဆင့် ပညာရှင်တွေကိုယ်တိုင် ဦးစီးပြီး လုပ်ဆောင်နေတယ်ဆိုတော့ သူတို့ဟာ

၁) ၆ တန်းကျောင်းသားလောက်ပဲ အသိပညာ၊ အတတ်ပညာ ရှိလို့လား
၂) စွမ်းအင်တည်မြဲခြင်း နိယာမကိုပဲ ချိုးဖောက်နိုင်လောက်တဲ့ နည်းလမ်းတွေ ရထားလို့လား။

ဒီ ၂ ခုထဲက ၁ ခုခု ပါပဲဗျို့။