Sunday, January 6, 2008

ဝမ်းချုပ်နေတဲ့ အချစ်

နှင်းဆီ တငုံ ပွင့်ခါကြုံ၍
နေခြည်နွေးခိုက် အားအင်စိုက်လျက်
ပွင့်ဖူးအာသာ ရှိချိန်ခါဝယ်
ပွင့်ပြီးခါများ ဒုက္ခများ၍
ကြုံလာ အန္တရာယ် ကြိုကာကွယ်ဖို့

ဆူးများကတုတ် ပွင့်ချပ် အုပ်ကာ
အန္တရာယ်များ ကာကွယ်ထားပြီး…
လှပပွင့်ဖူး စိတ်တွင်ကူးလဲ
ကြားလူဝင်ခိုး စိတ်မှာ စိုးပြီး…
နေရောင်ပြင်းပြ ရှိချိန်ကျ၍
ညှိုးမည် စိုးရိမ် လွန်ချင့်ချိန်ပြီး…

ငါဧ။်အင်အား
အလကားမဖြစ် စိတ်တွင်နှစ်၍
မပွင့်နိုင်အား စိတ်တွင်ထားလည်း
နေခြည်နွေးနွေး အားနာသေး၍
ဖူးငုံပွင့်အာ ထားခဲ့ပါသည်
သည်မျှ .. ကျေနပ် ပါလေတော့….

(ရင်ခတ်ပန်း)

(သူများကို စနောက်ပြီး ခေါင်းစဉ် တပ် ထားတဲ့ ကဗျာ ဟောင်းလေး ပါပဲ။ ကျောင်းက နံရံကပ် စာစောင် သင်ပုန်းမှာ သွားကပ် ထားခဲ့ ဖူးပါတယ်)

No comments: