Friday, January 11, 2008

တောင်းမှာ အကွပ် လူမှာ အ၀တ်

လူတိုင်းကြားဖူးပြီးသား ဖြစ်မှာပါ။ အကွပ်မရှိတဲ့ တောင်း ဖရိုဖရဲဖြစ်သလို၊ အကွပ် မကောင်းတဲ့ တောင်းဟာ တန်ဖိုး နိမ့်သလို အဲ.. အ၀တ်မရှိတဲ့လူ အ၀တ် မကောင်းတဲ့ လူဟာ လူ့တန်ဖိုး ကျတတ်တယ်လို့ ဆိုတာပါ။ ရှေး ပဒေသရာဇ် ခေတ်မှာ ဘုရင် မင်းနဲ့ မိသားစုရဲ့ အ၀တ်ဟာ မှူးမတ် မိသားစုရဲ့ အ၀တ်နဲ့ တူလို့ မရသလို အမှုလုပ် ကျေးကျွန် တို့ရဲ့ အ၀တ် တို့လဲ မတူ ကွဲပြား ရပါတယ်။ ဒါမှ လူမှားပြီး မထေမဲ့မြင် မလုပ်မိ အောင်ပါ။ သက်ဦး ဆံပိုင် ပဒေသရာဇ် ခေတ်ပေကိုး။ ယခုခေတ် မှာတော့ လူတန်းစားကို ဒီနည်းနဲ့ မခွဲခြား ပေမယ့် ကုမ္ပဏီ ၀န်ထမ်း ၀တ်စုံတွေ၊ အစိုးရ အရာရှိ ၀တ်စုံတွေ ကွဲပြားတာ တွေ့ဦး မှာပါ။

အိမ်နေရင်း အ၀တ်၊ ညအိပ် ၀တ်စုံ၊ ရုံးသွား၊ ကျောင်းသွား၊ ဈေးသွား၊ ပျော်ပွဲစားသွား ၀တ်စုံများ အ၀တ်စ တန်ဖိုး သာ မက အဆင် ဒီဇိုင်းပါ မတူညီ ရတာ တွေ့ရပါ လိမ့်မယ်။ ပွဲတက် ၀တ်စုံ၊ ဘုရား၊ ဘုန်းကြီး ကျောင်း နဲ့ ဘာသာရေး ဆိုင်ရာ အခမ်း အနား များ သွားရောက်ရင် ၀တ်တဲ့ ၀တ်စုံကတော့ အားလုံး ထဲမှာ အထူး ဂရု စိုက် ခံရတဲ့ ၀တ်စုံများ ဖြစ်ကြပြီး တခြား လာရောက် သူများရဲ့ ဂုဏ်နဲ့ အိမ်ရှင် ဖိတ်ကြား သူရဲ့ ဂုဏ်ကို လေးစားသော အားဖြင့် မိမိ ကိုယ်တိုင် ကလဲ လူ့ယဉ်ကျေးမှု စံကို နားလည်သူ အဖြစ် ကိုယ့်ကိုယ်ကို လေးစား သော အားဖြင့် အဂါရ၀ ဖြစ်စေတဲ့ မထီမဲ့မြင် သဘော ကို ဆောင်တဲ့ ၀တ်စုံကို မ၀တ်ဘဲ လေးစား ထိုက်တဲ့ ၀တ်စုံကို ၀တ်ရ ပါတယ်။

ဒီလို လေးစား ထိုက်တဲ့ ၀တ်စုံ ဆိုတာ ဘယ်လိုဟာပါလိမ့်။ အ၀တ်စရဲ့ တန်ဖိုးထက် ၀တ်စုံ ဒီဇိုင်းဟာ ပိုမို အရေးပါ အရာရောက် လှပါတယ်။ နိုင်ငံခြားမှာ ကိုယ့်မြန်မာ့ ယဉ်ကျေးမှု အရတင် မကဘဲ နိုင်ငံခြား စံနှုံးနဲ့ မြန်မာ မိန်းကလေး တစ်ယောက် အတွက် ဘယ်လို ၀တ်စုံတွေဟာ ဘယ်သဘောကို ဆောင်ပါလိမ့် ရယ်လို့ ကျွန်မ တွေးမိ မှတ်သားမိ ကြုံခဲ့ ဆုံခဲ့ ဖူးတာ လေးတွေ ကို အမှတ်တရ ဒီလို မှတ်စု ထုတ်ထား ခဲ့ဖူးပါတယ်။

စပို့ထ်ရှပ် (Sport-Shirt) ဟာ သူ့နာမည် အတိုင်း အားကစား လုပ်နေစဉ် မှာသာ ၀တ်သင့်တယ်။ မိန်းမ၀တ် စွပ်ကျယ် များဟာလဲ အိမ်ကို ဧည့်သည် မလာလောက်တဲ့ နေ့များမှာ အိမ်နေရင်း ၀တ်ဖို့သာ သင့်တော် ပါတယ်။ ဆယ်ကျော်သက် မိန်းကလေး များကတော့ အပျော် ဈေးဝယ်ထွက် ရာမှာ ၀တ်တတ်ကြ ပါသေးတယ်။

ရင်ဘတ်မှာ ဒီဇိုင်းစုံတပ် တီရှပ်ဟာ ပျော်ပွဲစားနဲ့ ရိုးရိုးဈေးသွား ဟင်းချက်စရာ ၀ယ်ရုံ အတွက်ပဲ သင့်တော် တယ်။

အကြမ်းခံ ယောက်ျားဝတ် ရှပ်နဲ့ ဂျင်း ၀တ်စုံများဟာ ခရီးသွား ရာမှာနဲ့ ပျော်ပွဲစား ထွက်ဖို့ပဲ ကောင်းတယ်။

ခေတ်ပေါ် ဟော့ရှော့ အင်္ကျီ စကတ် ဘောင်းဘီ တို (ကွာတား၊ ဒူးဆစ်၊ ပေါင်လယ်) များဟာ ပျော်ပွဲစား၊ ခရီး သွားနဲ့ အပျော် ဈေးဝယ်ထွက် ခြင်းများနဲ့သာ သင့်တော် ပါတယ်။ ဒါတောင် တခါက ကမ်းခြေ တစ်ခုကို ပျော်ပွဲ စား အသွားမှာ ခရီးစဉ်မှာ ပါလာတဲ့ ဧည့်သည် မိန်းကလေး တစ်ယောက်ဟာ နိုင်ငံခြား ကြော်ငြာ တစ်ခုမှာ မင်းသမီး ၀တ်တဲ့ ရင်ညွန့်အောက် အရှိုက်နေရာလောက်မှာ ခွဲထားတဲ့ ဘတ်လပ် ဟော့ရှော့ အင်္ကျီကို ၀တ်လာ တာမှာ ကမ်းခြေက လေတိုက်နှုံးကြောင့် ဗိုက်သား တ၀င်းဝင်းကို ဖုံးဖိ မရ ဖြစ်ခဲ့ရတဲ့ အတွက် နိုင်ငံခြားသားရဲ့ မျက်လုံးမှာ အထင်မှား ခံရတဲ့ အတွက် မိကောင်းဖခင် သမီး ဖြစ်လျက် အ၀တ် မ၀တ် တတ်လို့ သိက္ခာကျ ခဲ့ရပါတယ်။

ညအိပ်ဝတ်စုံဟာ ကျန်းမာရေးအတွက် အင်မတန်ကောင်းပေမယ့် ညအိပ် ၀တ်စုံကြီးကို အိမ်နေရင်း နေ့ခင်း ဘက် ၀တ်ထား မိတဲ့ အတွက်၊ နောက်ပြီး အိမ်အပြင် လမ်းကူးရုံမှာ တခုခု ထွက်ဝယ်တဲ့ အခါ ပြီးပြီးရော သဘော နဲ့ အပျင်း ထူပြီး အ၀တ် မလဲဘဲ ညအိပ် ၀တ်စုံနဲ့ အပြင် ထွက်မိတဲ့ အတွက် တညလုံး ညဉ့်ငှက်မယ် လုပ်စား နေခဲ့ပြီး အခုမှ မနက်စာ အပြင် ထွက်ဝယ်တဲ့ မိန်းမစားလို့ အပြော ခံရတဲ့ သူတစ်ယောက်ကို တွေ့ဖူး တယ်။ တကယ်လဲ ညဉ့်ငှက်မယ်များ အဲလို လုပ်တတ်ပါတယ်တဲ့။ ကိုယ့်ရဲ့ အမူအကျင့်ဟာ သူတို့နဲ့ မတော် တဆ သွားတူ လိုက်တာနဲ့ အဲလို လူစားလို့ သတ်မှတ် ခံရတတ် ပါတယ်။

ကြိုးတစ်ချောင်း အင်္ကျီများနဲ့ ကြိုးကို မပါတဲ့ အင်္ကျီများကို အနောက်နိုင်ငံများမှာတောင် (Topless) လို့ ခေါ်ပြီး အဆိုတော် မင်းသမီးများ ၀တ်ရင်တောင် ရှုံ့ချ ခံရလေ့ ရှိပါတယ်။ အဲဒီ အင်္ကျီများဟာ လည်ဟိုက် အင်္ကျီကို စတိုင်ထုတ် ၀တ်ရာမှာ အတွင်းခံ အရောင်ကွဲ အဖြစ်သာ ၀တ်လေ့ ရှိကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့ပေါ် တွေ မှာတောင် မိန်းမကောင်းက အဲလို အင်္ကျီနဲ့ အပြင် မထွက်ပါဘူးရှင်။ မြန်မာ အမျိုးသမီး များက အဲလို အင်္ကျီ တွေကို အပြင် ထွက်ရင် ဖြစ်စေ နိုင်ငံခြားက ရုံးများမှာ ဖြစ်စေ သူ့ချည့် ၀တ်ကြ တဲ့အခါ မြန်မာမ သိက္ခာ ကျရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ၀တ်စုံများ အားလုံးကို နိုင်ငံတကာ စံနှုံး အရ အဂါရ၀ ၀တ်စုံ သို့မဟုတ် မလေးစား ထိုက်တဲ့ ၀တ်စုံလို့ သတ်မှတ်ပြီး အထက် လူကြီးနဲ့ ဆရာသမား များနဲ့ တွေ့ဆုံ ရာမှာ သို့မဟုတ် ပွဲလမ်း၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲနဲ့ ဘာသာရေး ဆိုင်ရာ အချိန်အခါ နေရာ များမှာ လုံးဝ မ၀တ်ဆင် ရပါဘူး။ ၀တ်ဆင် ခဲ့ရင် ရိုင်းစိုင်းသူ အဖြစ် သတ်မှတ် ခံရလေ့ ရှိပါတယ်။ နောက်ပြီး ဒူးဆစ်အထက် စကတ်၊ ဘောင်းဘီ၊ ဂါဝန် များကို ၀တ်ဆင်ပြီး လူကြားထဲ ထွက်တဲ့ ဘယ် မိန်းမကိုမှ ဘယ်နိုင်ငံကမှ လေးစား ထိုက်တဲ့ မိန်းမ အဖြစ် မသတ်မှတ် ပါဘူး။ မကဲ့ရဲ့ ရင်သာ နေမယ် မချီးကျူး မလေးစား ပါဘူး။ လေဒီ ဒိုင်ယာနာ ကိုယ်တိုင်တောင် စကတ်တို ၀တ်မိလို့ သူတို့ နိုင်ငံထုတ် နိုင်ငံကျော် သတင်းစာ ကြီးတွေ ကိုယ်တိုင် ပစ်ပစ်နှစ်နှစ် ဝေဖန် အပြစ် တင်တာ ခံခဲ့ရ ဖူးပါ တယ်။ ကိုယ် ၀တ်စား မိတဲ့ ၀တ်စုံကို လိုက်ပြီး ဘယ်လို မိန်းမစား ဖြစ်တယ် ဆိုတာ သတ်မှတ် ခံရလေ့ ရှိတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ၀တ်စုံ ကတ်တလောက်ကို ကြည့်ပြီး သတိမဲ့ အဆင်ခြင် မဲ့ အတုယူ ၀တ်စားမှု များကို ကျေးဇူးပြုပြီး ကိုယ့်လူမျိုးကို ကိုယ်ချစ်ရင် သတိထား ရမှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ဘဲ အများစုက ထင်တိုင်း ကြဲနေရင် မြန်မာမတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ သိမ်းကြုံး အထင်သေး ခံရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားက အထူးသဖြင့် ထိုင်းနိုင်ငံထုတ် တချို့ ဖက်ရှင် မဂ္ဂဇင်း များဟာ အပြာ၊ အ၀ါ မဂ္ဂဇင်းများ ဖြစ်ကြလို့ ဓာတ်ပုံ ကြည့်ရုံနဲ့ ၀တ်စုံ လှတယ် ထင်ပြီး ချူပ်ဝတ် တတ်ကြ ပါတယ်။ ထိုင်းစာ ကိုသာ ဖတ်တတ် လို့ ဖတ်မိရင် ဘာအတွက် ၀တ်တဲ့ ၀တ်စုံ ဆိုတာကို တွေ့ရ မှာ ဖြစ်ပါ တယ်ရှင်။

ကျွန်မရဲ့ မျက်စိထဲ အမြင် အရိုင်းဆုံးနဲ့ ရင်အနာဆုံး ၀တ်စား ဆင်ယင်မှု နဲ့ အက တွေကတော့ ကမ္ဘာ မှာ တောင် နာမည်ကျော် ပြည့်တန်ဆာ လုပ်ငန်း အထွန်းကားဆုံး ဖြစ်တဲ့ ပတ်တယား လို နေရာ မှာတောင် walking street လို့ခေါ်တဲ့ အဆိုးဆုံး နေရာ မှာတောင် ဆိုင်ခန်း ထဲမှာပဲ ကပြ အသုံးတော် ခံတဲ့ ပြည့်တန်ဆာ တို့ရဲ့ တိုင်ပတ် အက ကို မြန်မာ နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်မှာ လမ်းမပေါ် မဏ္ဍပ်ပေါ်မှာ အရှက် မရှိ ဆိုးဆိုးရွားရွား တက်က ပြသ နေသလို သက်ဆိုင်ရာ ကလဲ အရေးမယူ ခွင့်ပြု ထားတဲ့ အချက်ပါပဲ။ ကိုယ့်တိုင်းပြည် ဘာနိုင်ငံကြီး ဖြစ်နေပြီလဲ ဆိုတာများ သတိ ရသူ ရှိပါလေစ။ မြန်မာ နိုင်ငံရဲ့ ရိုးရာ သင်္ကြန် မှာ ဒီအကကို မကြည့်ချင် မြင်လျက်သား ဖြစ်နေတာကို နိုင်ငံခြားသား သတင်းထောက်များက ၂၀၀၇ သင်္ကြန်မှာ TITV သတင်းဌာန Channel 8 က လွှင့်ထုတ် ပြသ သွားခဲ့ပြီး ဖြစ်သလို တခြား သတင်းဌာန များကလဲ လက်ညှိုး ထိုးတာ ခံနေရပြီး ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ကျောင်းနေ ဖူးတဲ့ ထိုင်းကျောင်းသူ လေးများ ၀မ်းနည်း ပက်လက် ပြန်ပြော ပြတတ်တဲ့ သူတို့ အ တွေ့ အကြုံ တစ်ရပ် ရှိပါတယ်။ နာမည်ကျော် ပတ်တယားနဲ့ ပြည့်တန်ဆာ လုပ်ငန်းကြောင့် သူတို့ ကျောင်းသူ တွေ အထူး သဖြင့် အနောက် နိုင်ငံကို သွားတဲ့ အခါ ထိုင်းမမှန်း သိတာနဲ့ ဘယ်လောက်လဲ အမေးခံ ရတာကို ရင် အနာဆုံးပဲ လို့ ဆိုပါတယ်။ ဒါဆို ကျွန်မတို့ မြန်မာ နိုင်ငံရော? မြန်မာမ လေးများရော? အ၀တ်အစား မတတ်၊ အနေ မတတ်လို့ အရှေ့တောင် အာရှမှာ ထိုင်းထက် ဆိုးတဲ့ ရတဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည် ကျော် ရင်း နိုင်ငံ တကာရောက် မြန်မာမ လေးများ ဘယ်လောက်လဲ အမေး မခံ ရအောင် အ၀တ်အစား အနေအထိုင် သတိထား ဆင်ခြင် ကြပါစို့ရှင်။ စာတွေ့ မဟုတ် လက်တွေ့ မြင်ရအောင် ဓာတ်ပုံ များပါ တင်ပေး လိုက်ပါ တယ်။


ထိုင်းနိုင်ငံက တိုင်ပတ် အက


မြန်မာ့ရိုးရာ အတာ သင်္ကြန်မှာ ရန်ကုန် မြို့တော်ရဲ့ အထင်ကရ လမ်းမပေါ်က သင်္ကြန် မဏ္ဍပ် တွေပေါ်မှာ

2 comments:

JulyDream said...

ကျွန်တော် ပြောချင်တဲ့ စကားလုံး အများအပြား ပါနေတာမို့ အထူးတလည် ထပ်မံ မဖြည့်စွက် တော့ပါဘူး။ တောင်းမှာ အကွပ် လူမှာ အ၀တ်ဆိုတာ မြန်မာတွေ နားလည် သင့်ပါတယ်။

နောက်တစ်ခုက သင်္ကြန် မဏ္ဍပ်တွေမှာ အရှက်မရှိ ဆိုးဆိုးရွားရွား တက်ကပြနေတဲ့ မိန်းခလေး အများစု ( အကုန်လုံးကို မဆိုလို) ကလည်း အခကြေးငွေနဲ့ သင်္ကြန်ကာလမှာ ငှားထားတဲ့ ညငှက်မယ် ကနေ ဘ၀တစ်မျိုးပြောင်း နေ့ငှက်မယ်လေး ဖြစ်နေလေ့ ရှိကြပါတယ် ခင်ဗျာ။

Khin said...

ယခုလိုတင်ပြပေးတာကျေးဇူးတင်ပါတယ်။
ခလေးတွေကလည်း သင်္ကြန်ဘဲထွက်ပေါက်ရှိတာဆိုတော့
စည်းကမ်းထုတ်လို့ ရမှာမဟုတ်ပါဘူး


ယိုးဒယားကတော့ စီးပွားရေးသမားများကိုက လွန်ပါတယ်

သက်ဆင်က သန့် ရှင်းချင်တာတောင်မှ မရပါ။

အင်ဂျီအိုအဖွဲ့ တွေက ဒါတွေတော့ မပြောကြပါလား။

ဂျင်းဖင်ကျပ်ဝတ်တာ ကြက်နဲ့ တူတယ်ဆိုတာ

ဒို့ တောင်မသိလို့ ဝတ်ခဲ့သေးတာ

တီရှပ် ပွပွကြီးတွေက အိမ်စေတွေ ဝတ်တာတဲ့

ဘယ်သိမှာလဲ ။ အခုမှသိတာ။

ကျေးဇူးတင်ပါတယ်

ဆက်လက်တင်ပြနိုင်ပါစေ။