Sunday, December 9, 2007

ဘ၀မှတ်စု

ခုတလော ကျန်းမာရေးကြောင့် တရားဖက်တာ များနေရင်း တရားကျ သံဝေဂ ရတာ များသွားလို့
ကိုယ့်ဘ၀ မှာ လောကဓံက သင်ကြား ပေးလို့ တွေ့ကြုံ ရင်ဆိုင် မှတ်သား လာတာ တွေထဲက မမေ့ သင့်တဲ့ သင်ခန်းစာတွေကို မှတ်စု ပြန်ထုတ်လိုက်မိသည်။

1. လည်လွန်းသော ဂျင် ရပ်နေသယောင် ထင်ရဧ။် ၀ီဝီလဲ မြည်၏။

2. လည်လွန်းသောသူ ရိုးအ ချင်ယောင် ဆောင်တတ်၏။ မိမိ ရိုးအ ကြောင်းလဲ ကြွား၏

3. ကောက်ကျစ်လွန်းသောသူ ရိုးသာယောင် ဆောင်တတ်၏။ မာယာတို့ကို နားမလည် ကြောင်းလဲ ကြွား၏။

4. သူတပါးကို အသုံးချ လူညွန့်ခူးစားသူများ ပေးဆပ်တတ် လွန်းယောင် ဆောင်တတ်၏ ပေးဆပ်ခြင်းရဲ့ ကောင်းကြောင်းကို များများပြောပြီး ကြွေးသစ်ချ လူညွန့်ခူးစား၏။

5. အတ္တကြီးလွန်းသူများ သူတပါးကို ငဲ့ညှာလွန်းယောင် ဆောင်တတ်၏။ လူပုံအလယ်တွင် သူတပါးအတွက် စဉ်းစားပြ နားလည်ပြတတ်ကြ၏။

6. ကိုယ့်ကိုယ်ကို ချစ်လွန်းသူများ သူတပါးကို ချစ်တတ်လွန်း ယောင်ဆောင်၏။ သတိတရ အလေးထား တတ်လွန်းကြောင်း ပြတတ်ကြပြီး လူအချင်းချင်း အသုံးချတတ်ကြ၏။

7. ရက်စက် လွန်းသောသူ ကြင်နာယောင် ဆောင်တတ်၏။ ချစ်လွန်းလို့ပါလို့ ပြောရင်းနဲ့ ပါးကိုမရိုက်၊ နှလုံးသားကို ချိန်သားကျ မသေမရှင် ရိုက်ရင်း စေတနာနဲ့ မလွှဲသာလို့ ရိုက်ရတာမို့ နှလုံးနာလှချည့်လို့ ထပ်ဆင့် ငိုပြတတ်ကြသေး၏။

8. အမှန်တကယ် စိတ်ကောင်းရှိသူများ မကြေညာကြ။ ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိကြောင်း ဈေးကွက် မတင်၊ မကြွားကြ။ လုပ်ရပ်ကြောင့်သာ ကောင်းမှန်း သိရဧ။်

9. ဒီအရွယ် ဒီပတ်ဝန်းကျင် ဒီအဆင့်အတန်း တွင် ဒီလို ရာထူး အလုပ်အကိုင် ပိုင်ဆိုင်ထားသူသည် ဒီလောက် အတွေ့အကြုံနှင့် ဒီလို နားလည်တတ်မှုတော့ အနည်းဆုံး ရှိရမည်။ ပတ်ဝန်းကျင်နဲ့ အသက်အရွယ်အရ ဖြစ်သင့် ရှိသင့်လောက်တဲ့ အတွေ့အကြုံအပေါ် မူတည်တဲ့ နားလည်မှု၊ တုန့်ပြန်တတ်မှု မရှိဘဲ သိပ် ရိုး၊ နုံအ၊ ငဲ့ညှာလွန်း၊ ချစ်တတ်လွန်း၊ ပေးဆပ်တတ်လွန်း နေရင် (၁) ကြပ်မပြည့်လို့၊ ဦးနှောက် ပုံမှန် မဟုတ်လို့ သို့မဟုတ် (၂) ဟန်ဆောင် မာယာများတာ တစ်ခုခုပဲ။

ပင်မ ရလဒ်ကို ဖြစ်ပေါ်စေတဲ့ အဓိက လုပ်ရပ်ကို မြင်အောင် ကြည့်ရင်း မာယာလွှမ်းသော လူ့စိတ်ရင်းကို သိပြီး ပညာရှိ/ လူမိုက်/ သူတော်ကောင်း/ သူယုတ်မာ ခွဲခြားသိမြင်နိုင်ပါစေ။

လူမမာ တစ်ယောက်ကို ဘလော့ဂါ မောင်နှမ ပီသစွာ အားပေးစကား ပြောကြားကြ၊ ဆုတောင်းပေးကြ၊ တတ်သလောက် မှတ်သလောက် နေကောင်းအောင် နေနည်းများ မျှဝေကြ၊ မောင်နှမ ညီအစ်မ ရင်းများ သဖွယ် စိုးရိမ် ပူပန် ပေးကြသော သူများ အားလုံးကို ကျေးဇူး တင်လွန်းလို့ ကျေးဇူး ဆပ်တဲ့ အနေနဲ့ ကိုယ်တိုင်ရေး ဘ၀မှတ်စုလေးကို ဝေမျှပေးလိုက်တာပါ။ သိပြီးသားတွေ ဖြစ်နေရင်၊ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေရင် တောင်းပန် ပါတယ်နော့

2 comments:

ပီကေ said...

အတွေးအခေါ်လေးတွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
ကျနော့်ဆီ လာကပ်နိုင်ပြီ ဆိုတော့ အတော်လေး ကျန်းမာ နေကောင်းနေပြီ ထင်တယ်။ ၀မ်းသာပါတယ်။

နေလင်း said...

ဘ၀မှတ်စုလေးတွေအတွက် ကျေးဇူးပါ