Saturday, December 22, 2007

ဘန်ကောက်ရဲ့ ဒီဇင်ဘာ

ဒီဇင်ဘာဟာ ထိုင်းတွေ သိပ်ပျော်တဲ့ လပါ။ သူတို့ရဲ့ ချစ်မြတ်နိုး လေးစားဆုံး ဘုရင်ရဲ့ မွေးနေ့ ဒီဇင် ဘာ ၅ရက်နေ့ (တကယ့် မွေးနေ့ အစစ်တော့ ဟုတ်ဘူးဗျ.. ဗေဒင် တွက်ကြည့်တော့ သူ့မွေးနေ့မှာ မွေးတဲ့ လူက ဒီလို ဥပဓိ မရှိနေဘူး.. ဟွန့် ညာတယ်) ထိုင်းနိုင်ငံရဲ့ အခြေခံ ဥပဒေ ရေးဆွဲတဲ့နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နဲ့ ခရစ်စမတ် နေ့၊ နှစ်သစ်ကူး ဆက်တိုက် ခွင့်ယူပြီး ပျော်ကြ လို့ပါပဲ.. ဒီလ ဆိုရင် ဘန်ကောက် ဘယ်လောက် လှလဲ ဆိုတာ သိရ အောင်နဲ့ အမိ မြန်မာ နိုင်ငံတော် ကြီးရဲ့ အကြီးဆုံး စီးပွားရေး မြို့တော် ကြီး နှစ်ခု ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး တို့နဲ့ နှိုင်းယှဉ် ကြည့်နိုင်အောင် ဓာတ်ပုံတွေ တင်ပေး လိုက်ပါတယ်။ ယုံတမ်းတော့ ကြားဖူး တာပဲဗျ.. ၁၉၆၂ ခုနှစ် မတိုင်မီက ရန်ကုန်က ဘန်ကောက် ထက်ရော စင်ကာပူ ထက်ပါ လှလို့ တိုးတက်လို့ သူတို့က ပြန်ငေး ခဲ့ကြ ရဖူး သတဲ့။ အဲဒီ အချိန်က ဘန်ကောက် ပုံ ရှားရှား ပါးပါး ရထားလို့ တင်ပေး လိုက်ပါတယ်။ နှိုင်းယှဉ် ကြည့်ပေါ့နော့။











ဘန်ကောက် မြို့ရှိ အမှိုက် ကွမ်းသွေး ကင်းစင်သော လမ်းဘေး လူသွား စင်္ကြန်များ ( လူအများ စည်းကမ်းရှိမှုနဲ့ စားဝတ် နေရေး ချောင်လည်မှု တို့ကြောင့် ပန်းများ ပန်းအိုးများ ခိုးယူ ခူးဆွတ် ခံရခြင်း မည်သည့် အခါမျှ မရှိပါ







အမှိုက်ကင်းစင်သော ဘန်ကောက်မြို့ရဲ့ လမ်းတွေ




သူတို့ ဘုရင်ကို ချစ်လွန်းလို့ ခရစ်စမတ် လက်ဆောင် အဖြစ် ဘုရင့်ရဲ့ မှန်ဘောင် သွင်းဓာတ်ပုံ များ အပြည့် ချိန်ဆွဲ ထားတဲ့ ခရစ်စမတ် သစ်ပင်များ


Emporium Shopping Mall ရှေ့မှ ပလတ်စတစ် ပြားလေး များဖြင့် ပြုလုပ်ထားသော ခရစ်စမတ် ပင်ကြီး


မီး အလှဆင်ယင် ထားသော လူပျံတော် အရုပ်များ



Central World Plaza ရှေ့မှ အမြင့်ဆုံး ခရစ်စမတ် သစ်ပင်ကြီး



Siam Paragon Shopping Complex (Siam ဘူတာရုံ ကပ်လျက်) မှ ရေပန်းနဲ့ မီး အလှ



ရေသန့်ဗူးခွံများဖြင့် တန်ဆာ ဆင်ထားသော ခရစ်စမတ် သစ်ပင် (ဘုရင်ရဲ့ Reduce, Reuse & Recycle Policy ကို လေးစား လိုက်နာခြင်း အမှတ်တရ)





အသုံးပြုပြီးသား စီဒီပြား အပျက်များကို အ၀ိုင်းဖောက်ပြီး တန်ဆာ ဆင်ထားသော ဖိတ်ဖိတ်တောက် မုခ်ဦးကြီး (ဘုရင်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမှိုက်ထွက် နည်းပါးရေး Reduce, Reuse & Recycle Project အမှတ်တရ)

***(ထိုင်းလူမျိုး တွေလို တိုးတက်အောင် ကိုယ်တိုင် ဖန်တီး ကြိုးစား စေချင်ပါတယ်။ ထိုင်းကို ရောက်ဖူးအောင် လာလည်ဖို့ သူဌေး တွေရဲ့ ခရီးဖော် မယား အဖြစ် လိုက်လာတဲ့ မြန်မာမလေး များကိုတော့ မမြင်ချင် တော့ပါဘူးရှင်)***

2 comments:

နိုင်းနိုင်းစနေ said...

ဘာမှန်းတော့ မသိဘူး.. ရောက်ဖူးသမျှ နိုင်ငံထဲမှာ ထိုင်းကို တော်တော်ကြိုက်တယ်
အစားအစာလဲ ကြိုက်တယ်။ အသီးလဲ ကြိုက်တယ်။
သူတို့ရဲ့ စကားကိုလဲ ကြိုက်တယ်။
ဟိုး ၂၀၀၁ လောက်က ဘန်ကောက်၊ ဖတ်ထရာ အကုန်လည်ပစ်တာပဲ
ခုတော့ မေ့ကုန်ပြီး)
လာခဲ့မယ် လှိုင်

Unknown said...

ဟဲ့... ငါ့ဦးလေးနဲ့ အဖေက လာလည်မလို့တဲ့။ ငါ လည်း လာချင်တယ်။ နောက်လထဲကျရင် နင်အားလား။