Thursday, November 8, 2007

အိတ်သွန်ခြင်း

ဒီမိုက အိတ်သွန်ပါလို့ ပြောလာ တက်လာပါတယ်။ ဒွတ်ခ ပါပဲ။ အကြောင်းသိ သူများက ကိုယ့်ကို mobile office လို့ခေါ်တာ။ လိုချင်တာ အကုန် ရှိတယ်။ လိုချင်တာ လိုချင်တဲ့ အချိန် မရတာ များ လွန်းလို့ ကိုယ့်ကိုယ်ကို သနားလို့ အသေးသုံး လိုချင်တာ လေးတွေ လိုချင်တဲ့ အချိန် သုံးရအောင် အဆင်သင့် ထည့်ထားတာလေ။ အင်း.. အိတ်နဲ့ ထွက်လာတဲ့ ပစ္စည်း လေးတွေ ကြည့်ပြီး လန့်ကုန် တော့မှာပဲ .. အဟဲ.. လန့်မှာ စိုးလို့ ဓာတ်ပုံ တင်တော့ဘူးနော်.. မလန့်တာ သေချာရင် ပြောလေ. ဓာတ်ပုံ ပြန်တင် ပေးပါ့မယ် နော်

အိတ်က နင်ဂျာအိတ်နဲ့ တူနေတယ်။ ဒါမှ မဟုတ် ကွန်မန်ဒို အိတ်ပေါ့။ မေ့တတ်၊ မျက်စိ လျှမ်းတတ် တဲ့ ကိုယ့်အကြောင်း ကိုယ်သိလို့ အိတ်သေးလေးတွေ များကြီး ပါတဲ့ အိတ်ကို ရွေးထားတာလေ။ ဘယ်အိတ်ထဲ ဘယ်နေရာ ဘာရှိတယ် ဆိုတာ မှတ်ထားတော့ လိုရင် ချက်ချင်း ဆွဲထုတ်လို့ ရတယ်။ လိုခါမှ ထရှာ ရတဲ့ အလုပ်ကို မုန်းတယ်။

အိတ်ရဲ့ အပြင်က အိတ်သေးလေးတွေက မျက်စိနဲ့ ပါးစပ်လေးတွေနဲ့ တူဘူးလား။ ဘေးအိတ် ၂လုံး က နားရွက်နဲ့ တူတယ်နော်.. ဘယ်ဘက် နားရွက် ထဲမှာ MP3 Player နဲ့ အသံဖမ်းစက် ပါတဲ့ USB နဲ့ အိမ်သော့။ ညာဘက် နား ရွက် ထဲမှာ တစ်ရှူး အိတ်နဲ့ မုန့်။ ဘယ်မျက်လုံး ထဲမှာ တံဆိပ်ခေါင်း အသစ် လေး တွေ၊ အသေးသုံး ပိုက်ပိုက်၊ အကြွေ စေ့တွေ နဲ့ စက္ကူ ညှပ်တဲ့ ရုံးသုံး ကလစ် လေးတွေ ။ ညာ မျက်လုံး ထဲမှာ အဆီ စုပ် တစ်ရှူး၊ မှန်နဲ့ မျက်ခုံးမွှေးဆွဲ ခဲတံ (အဟား လှိုင်က မျက်ခုံးမွှေး မရှိဘူးရှင့်။ ၅နှစ်သမီးမှာ မောင် အငယ်ကောင် ဆော့ရင်း သစ်သားခုံနဲ့ ပစ်လိုက်တာ မျက်ခုံး ကွဲသွား တယ်။ အဲဒီ နောက် ပြန်ကို မပေါက် တော့ဘူး။ အမာရွတ်နဲ့ တောပုန်းရုပ် ဖြစ်သွားတယ်)။ ပါးစပ် ထဲမှာ ဘောပင်၊ မောင်းချဓား၊ ဓာတ်မီး၊ Stapler၊ သောက်ဆေးဗူး၊ Notes နဲ့ ရှူဆေး၊ ငုံဆေးများ

အထဲမှာလား။ ရှပ် လက်ရှည် တစ်ထည် အမြဲ ဆောင်ထား တတ်တယ်။ ကျန်းမာရေးလေ။ နောက် ရေသန့် ဗူးသေး တစ်ဗူး၊ မှတ်စု စာအုပ်၊ ကင်မရာ၊ ဖုန်း၊ phone adopter, wallet, name card holder, external hard-disk and envelopes၊ အသင့်သုံး စီဒီ အလွတ် ၂ချပ်။ ရောက်လေရာ ရုတ်တရုတ် နေမကောင်း ဖြစ်ရင် အရေးပေါ် အကူအညီ ရအောင်တဲ့.. ရောဂါ ရာဇ၀င် ရေးထားတဲ့ ဆရာဝန်ရဲ့ ဆေးစာ။ ကျန်တာတော့ အခြေအနေ အရ လိုတာ ထပ်ထည့်တယ်။ အခြေခံ ကတော့ ဒါ အကုန်ပါပဲ။ အော်.. အရေးကြီးတာ တစ်ခု ကျန်သေးတယ်။ ဒါပေမယ့် .. ပြောပြဘူး ဟတ်ဟတ်..

(အော်.. ဘယ်သူ့ကိုများ ပြန် tag မလဲလို့ စောင့်ဖတ်တယ်လား ..ဟင့်အင်း ပြန် မတက်တော့ ပါဘူး… မျှော်နေတယ်ဟုတ်.. အဲဒါကို ဆန့်တငံ့ငံ့ ရသ လို့ ခေါ်လိုက်မယ်.. နော်.. )

မှတ်ချက်။ ကျွန်မ ဂျိမ်းစ် ဘွန်း မဟုတ်သလို ဘာ… ဘာ.. ဘာမှ မဟုတ်ပါ။

5 comments:

This is about... said...

အစုံပါပဲလား။ ပခုံးတော့နာတော့မှာပဲ။

ခွန်မြလှိုင် said...

MP3 Player နဲ့ အသံဖမ်းစက် ၂မျိုးလုံးပါတဲ့ USB၊ မောင်းချဓား၊ ဓာတ်မီးတို့က လက်၂လုံးစာ လေးတွေပဲ ရှိကြတယ်ရှင့် သေးသေးလေး။ Stapler က လက်မလောက်ပဲ ရှိတာ။ နောက်ပြီး external hard-disk နဲ့ ကင်မရာကလဲ ယောက်ျားလေး ခါးကြားထိုးတဲ့ ပိုက်ဆံအိတ်လောက်ပဲ ရှိတာ .. ဒါကြောင့် ကျွန်မရဲ့ အိတ်က လက်ဝါး ၂ခု စာပဲ ကြီးပါတယ်။ ပါဝင်ပစည်းများက သေးသလောက် ပေါ့ပါတယ်။ စိုးရိမ်ပေးကြတာ ကျေးဇူး အထူးပါနော ( ယောက်ျားကြီး လက်တ၀ါးလောက်ပဲ ရှိတဲ့ ပရင့်တာလေးကို လိုချင်လို့ မျက်စောင်းထိုးနေတယ်ရှင့် အဟဲ.. ပိုက်ပိုက်စုလိုက်ပါဦးမယ်) ကျွန်မက ပစည်း ပိစိလေးတွေ ဆိုရင် သိပ်ကြိုက်တာလေ..

This is about... said...

အယ် ထပ်ထည့်ဦးမယ်လား။ ဟီးဟီး လိုတရ အိပ်ကလေးကိုကိုင်ကိုင်ပြီးသွားတတ်တဲ့ မလှိုင် အမြဲ လိုတရပါစေ။

နေလင်း said...

သိပ်မင်ြဘူးဂျ..ဓါတ်ပုံနဲ့ တကွ တင်ပါ

Chit Lay Pyay said...

ဟုတ်တယ်၊ လှိုင်လွယ်တဲ့ အိတ်ကလေးကို စိတ်ဝင်စားတယ်၊ ဒီလောက်များတဲ့ ပစ္စည်းတွေ ဘယ်လိုများထည့်လဲလို့