Wednesday, November 7, 2007

သနားတယ်

‘သနားပါတယ်’ တဲ့
ဘ၀ဆိုတာကို ‘ဘကုန်း’ လိုကုန်းလို့ ရုန်းကန်လဲ
‘၀လုံး’ လို လုံးလည်ချာလည်လိုက်နေပြီး
သေးသေးတင် ‘ကံ’ မဆိုးဘဲ
ကြီးကြီးတင် ‘ကိ’ နေတဲ့ လူတွေကို တဲ့…
ပိတ်ဆို့မှုတွေ ဂရုမစိုက်
ပျော်လိုက်ပါးလိုက်ပါပဲတဲ့…

သြော်..
ပြန်သနားလိုက်ပါတယ်…
ရှင်လျက်နဲ့ ရှင်သန်ခြင်း အဓိပ္ပာယ် ပျက်သုဉ်း
သူများ နှာခေါင်းနဲ့ အသက်ရှူ
သူများစိတ်နဲ့ လူလုပ်ရင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်း
ကိုယ့် ၀ိညာဉ် ကိုတောင် ကိုယ်မလေးစား နိုင်ဘဲ
အသက် မရှိဘဲလျက် ရှင်သန်
ဒီကမ္ဘာမြေပေါ်တင် အရှင်လတ်လတ် စိတ်က ငရဲခံရင်း
ဟန်ကိုယ့်ဖို့ မာန်တင်း
အပြင်ပန်းက ဟိန်းဟောက်ရင်း
အတွင်းစိတ်က ငိုနေတဲ့ သူတွေကို…

1 comment:

စိုးထက် - Soe Htet ! said...

ဟုတ်တယ်ဗျ ... ကိုယ့်ကိုယ်ကို တင်မကဘူး ... :)