Wednesday, June 13, 2007

ကြာဖြူပွင့်သေး ခရေလေး

ရေမှာမပွင့်
ပင်ထက်မြင့်မှာ ၀င့်ဖူးပြီးခါမှ
လန်းလျက်နဲ့ မြေထက်ကြွေ
ပန်းခရေ မြေလူး…

ကြွေခါတောင် မြတ်နိုးသူတို့က
ယုယယ ကောက်ခါယူ
တသသူ စာဖွဲ့ရပါတဲ့
ကြာဖြူတူ ပွင့်ထူး…

ပန်းမြေတွင် ပန်းခရေစာတင်လိုက်ပါငဲ့
နွမ်းကြေကြေ သည်ချိန်ယံမှာလေ
ပန်းခရေ ပယ်ခံမ၀င်ပေဘူး
နန်းမ၀င် နေပါစေလေ့
ပန်းခရေထူး…

No comments: