Wednesday, October 15, 2014

ကောင်းကင် .. ကို အောင်အောင်မြင်မြင် ပြောင်းလဲခြင်း

အခု ဘန်ကောက်စံတော်ချိန် သန်းခေါင်ကျော်.. ခုလေးတင် အပြင်က ပြန်ရောက်တယ်။ လွန်ခဲ့တဲ့ လေးနှစ်က ဘန်ကောက်မှာ သာတဲ့လဟာ လိမ္မော်နီရောင်.. ဒါကြောင့်လဲ လရောင်ဖြူဖြူတွေ ရှိတဲ့တခြားမြို့ကို ပြောင်းခဲ့တယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ဘန်ကောက်ကို စိတ်လက် လေးပင်စွာ ပြန်ရောက်ခဲ့ပြီး တအံ့တသြ ဖြစ်ရတာက ဘန်ကောက်ရဲ့ ကောင်းကင်... လရောင် ဖွေးလွ နေရုံမကဘူး ဘန်ကောက်မှာ အရင်က တခါမှ မမြင်ဖူးခဲ့တဲ့ ကြယ်ညီလာခံက ဖြိုးဖြိုးဖျောက်ဖျောက်။

Read More...

အမှိုက်ပစ်တော့မယ် ဆိုရင်

အိမ်တအိမ်က ထွက်တဲ့အမှိုက်ဟာ ဒီအိမ်သားတွေရဲ့ အပြုအမူ စရိုက်နဲ့ အိမ်ရဲ့ ၀င်ငွေထွက်ငွေ အကြမ်းဖျင်းကို သိနိုင်လို့ ကျွန်တော် မိန်းမ မပိုးခင်တုံးက မိန်းကလေးမိတ်ဆွေရဲ့ အိမ်မှာ အမှိုက်ကူ သွန်ပေးခဲ့တယ်လို့ ပြောတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်နဲ့ ကျွန်မ ဆုံဖူးပါတယ်။ ဟုတ်ပါတယ်။ အမှိုက်ဆိုတာ အဲလောက် အဓိပ္ပာယ် ကောက်ယူလို့ရပါတယ်။ ခွန်ချာနာဝစ် လို့ခေါ်တဲ့ ထိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေးကြီးအတွက်ကတော့ စွန့်ပစ်ပစ္စည်း ဆိုတာ အိမ်ထောင်ရေးအတွက် စည်းမျဉ်းပေတံ ဖြစ်ခဲ့ဖူးပါတယ်။

Read More...

ဂွစာမရဲ့ အနိုင်နဲ့ အရှုံး

ဂွကျလှတဲ့ဇာတ်ကောင်စရိုက်နဲ့ ဂွစာမရဲ့ အမူအကျင့်လေးတွေ အကြောင်း ဘလော့ပေါ် တင်ဖူးပါတယ်။ ဖန်တီးထားတဲ့ ဇာတ်ကောင်မဟုတ်ဘဲ တကယ်အပြင်မှာ ရှိတဲ့ မိန်းကလေးတယောက်အကြောင်း ဖြစ်လို့ ချီးကျူးစောနေရင် ချီးကျူးခံရမှာ ရှက်လို့ ကြိုဝန်ခံထားတာပါ။ ခုလဲ သူနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အနိုင်အရှုံး ဆိုင်ရာ အတွေးအခေါ်လေးတွေကို သတိရလို့ ဒီပို့စ်ကို ဖန်တီးဖြစ်ပါတယ်။ ++++++++++++++++++++++++++++++++++++++++++++ ဗိုက်ခွဲထားလို့ အလုပ်က ခွင့်ရက်ရှည်ယူ အိမ်မှာနားနေရင်း နှစ်ချီပြီး မကြည့်ဖြစ်ခဲ့တဲ့ မြန်မာ ရုပ်သံလိုင်းပေါင်းစုံ ကို ရီမုဒ်တခုကိုင်ရင်း လိုင်းပေါင်းစုံ ပြောင်းကြည့် နေမိသည်။ အစီအစဉ်ပေါင်းစုံကို စပ်စုရာက MRTV-4 က ထုတ်လွှင့်ပြသနေတဲ့ Minutes to win it အစီအစဉ်လေးကို ကြည့်မိသည်။ မူရင်းရည်ရွယ်ချက်ကတော့ ဖြတ်ထိုးဥာဏ် အားကောင်းဖို့ ရည်ရွယ်ပုံ ရပါသည်။ ဒါပေမယ့် ကိုယ်ကတော့ ပြိုင်ပွဲထက် ပြိုင်ပွဲဝင်တွေရဲ့ မျက်နှာပေး အမူအရာ ခံစားချက်တွေကို ပိုသတိထား မိသည်။ ပြိုင်ပွဲဝင်သူတိုင်းတော့ မဟုတ်နိုင်ပေမယ့် ကိုယ်ကြည့်မိတဲ့ အချိန်မှာမှ ပြိုင်ပွဲဝင်သူ တချို့ တွေရဲ့ ပြိုင်ပွဲ နဲ့ ပြိုင်ဖက်အပေါ် ထားတဲ့ သဘောထားနဲ့ ခံစားချက်တွေကို မျက်နှာပေးတွေ လေသံတွေကနေတဆင့် မြင်လိုက်ရသည်။ ဒီတော့ ကျောင်းတုံးက သူငယ်ချင်းလေး ဂွစာမကို သတိရမိပြန်တော့သည်။

Read More...

လူ့အဖွဲ့အစည်းထဲက တင်းအားတွေ

ခုတလော သတင်းစာဂျာနယ်နဲ့ လူမှုကွန်ယက်မီဒီယာ ဖြစ်တဲ့ facebook မှာပါ အတွေ့ရများလာတာက လူပျောက်ကြော်ငြာ။တချို့ရက်တွေများ တရက်တည်းနဲ့ အရွယ်စုံ ၃-၄ယောက် အထိ။ တချိန်တည်း မှာပဲ အွန်လိုင်းပေါ်ကသူငယ်ချင်းတွေက ခရီးသွားဟန်လွှဲ မြင်ရကြားရတာ အစာမကြေတဲ့ သူတို့ အတွေ့အကြုံ တွေကို လူမှုကွန်ယက်တွေပေါ်မှာမျှဝေကြသည်။ ဘယ်နေ့က ဘယ်နားမှာ မိဘက ၂နှစ်သား ကလေးကို ဘယ်လို လူမဆန်စွာ ရက်ရက်စက်စက်ရိုက်နှက်ဆုံးမနေတာ တွေ့ ခဲ့ရလို့ စိတ်မကောင်းကြောင်း။ နောက် တယောက်ကလဲ မတူခြားနားပေမယ့်ထူးမခြားနားတဲ့ အတွေ့အကြုံကို ကွန်ယက်ပေါ် တင်သည်။ မြို့လယ် ခေါင် ပလက်ဖောင်းပေါ် ဈေးရောင်းသူဆိုင်နီးချင်းချင်း တိုင်လို့ အုပ်ထိန်းသူ ဘွားအေက ကလေးကို ဘယ်လို ရိုက်နှက် ဆုံးမနေတာတွေ့ခဲ့ကြောင်း၊ ကလေးက ဘယ်ဘက်ကို ထွက်ပြေးတာကိုတောင် အရိုက် မရပ်နိုင်ဘဲ အတင်း လိုက်ရိုက်နေကြောင်း၊ ကျန်ရစ်သူ တိုင်တောသူက ဈေးခေါ်ပြိုင်ဘက်မို့ ကလေးကို စိတ်ဆိုးအောင်တမင်စပြီး ကလေးက တုန့်ပြန်ခါမှ ရိုင်းပျလွန်းကြောင်း တိုင်ပေးလိုက်တာ ဖြစ်ကြောင်း သူ့ပြိုင်ဘက်တော့ဒီနေ့ စိတ်ဆိုးလို့ ဈေးဝယ်ခေါ်နိုင်တော့မှာ မဟုတ်ကြောင်း အားရပါးရ ဖောက်သည် ပြန်ချနေတာကိုကြားခဲ့ ရလို့ အင်မတန် စိတ်ထိခိုက်ရကြောင်း .. သူရေးတင်တဲ့ ပို့စ်ကို ဖတ်ရင်း သက်ပြင်းကြီးကြီးချမိသည်။ လူပျောက်ကြော်ငြာခံရတဲ့ သူတွေက လူကုန်ကူးခံရလို့လား။ သူတို့ မိသားစု ပတ်ဝန်းကျင်က သိသိနဲ့ရော မသိလိုက်ဘဲပါပေးလိုက်ကြတဲ့ ဖိအားတွေ တင်းအားတွေကို မခံနိုင်တော့လို့ ထွက်ပြေး ကုန်ကြတာလား။

Read More...

ကလေးတွေကို ဆုံးမတော့မယ် ဆိုရင်

ပညာရေးဆိုင်ရာ နာမည်ကြီး အွန်လိုင်း မဂဇင်း တခုက သူ့အမြင်ကဏ္ဍမှာဖော်ပြထားတာလေး တခုကြောင့် အတော်လန့်သွားမိတဲ့ အတွက် ခုစာလေးကို ရေးဖြစ်တာပါ။ ဖော်ပြထားတာကတော့ ကလေးတွေ စည်းကမ်းလိုက်နာအောင် ကိုင်တွယ်ရာမှာ အကြောက် တရားနဲ့ မအုပ်ချုပ်ရင်မရဘူး ဖြစ်နေတယ် ဆိုတဲ့အတွေးအခေါ်ပါ။ ဒီအတွေးအခေါ်ကို ကျွန်မက ချေပ ဆွေးနွေးချင်တာပါ။

Read More...

မနာလိုမှုဆိုတာ မြန်မာတို့ရဲ့ ၀ိသေသလားးး

အရင်အပတ်က ဖေ့စ်ဘွတ်ပေါ်မှာ ၀ိုင်းပြီး မျှဝေနေတဲ့စာလေး ဖတ်လိုက်ရတယ်။ မြန်မာတွေ မုဒိတာ ပွားကြပါဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပါ။ စာထဲမှာ ရေးထားတာကို အကျဉ်းချုံး ပြောရရင် တော့ စင်ကာပူရောက် မြန်မာတွေနဲ့ ဖိလစ်ပိုင်တွေကို နှိုင်းယှဉ် ရေးထားတာပါ။ ဖိလစ်ပိုင်တွေ က အချင်းချင်းစည်းလုံးပြီး ဖေးမရုံသာမက သူတို့ လူမျိုးချင်း ကိုယ့်ထက်သာသွားစေ ချင်တဲ့ စိတ်နဲ့ အမြင့်ရောက်အောင် တွန်းပို့ပေးကြ ပုံကို ဖော်ပြ ထားပါတယ်။ မြန်မာတွေကတော့ အချင်းချင်း ကိုယ့်ထက်သာ မနာလို စိတ်နဲ့ ဘယ်လိုဖြစ်သွားတယ် ဆိုတာလေး ယှဉ်ရေးပြီး မြန်မာတွေကို မုဒိတာ ပွားဖို့ တိုက်တွန်းထားတာပါ။ စာရေးသူကတော့ သူမြင်နေကျ ၀န်းကျင်က မြန်မာတွေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ စာလေးကို ဖတ်ပြီး ကျွန်မတို့ သူငယ်ချင်းတွေ ဆွေးနွေးမိကြ ပါတယ်။ ဘယ်အတိုင်းအတာထိ ဟုတ်နိုင်၊ မဟုတ်နိုင် ဆိုတာနဲ့ မနာလိုမှု ဆိုတာ မြန်မာတို့ရဲ့ ၀ိသေသ လက်ခဏာ ဖြစ်နေပြီလားဆိုတာ ဝေဖန် ဆွေးနွေးကြတာပါ။ သူငယ်ချင်းကတော့ ကျွန်မကို တော်တော်ကြီး မြှောက်ပေး ပါတယ်။ ကျွန်မရဲ့ ကိုယ်တွေ့နဲ့ ယှဉ်ပြီး စာရေးပါတဲ့။ ကိုယ်တွေ့နဲ့တော့ ယှဉ်ပြီး မရေးရဲပေါင်.. နောက်ကြောင်းဖော်မှာ ကြောက်ပြီး ကြိုကာတဲ့ အနေနဲ့ ရန်လုပ်တာ၊ သူများလက်နဲ့ လူရိုက်တာ၊ လှည့်ပတ်ရန်တိုက် ပေးတာ၊ ကုန်ကုန်ပြော ရရင် ကားနဲ့ လိုက်တိုက်တာ ခံရဖူးတာက ၃ခါဆိုတော့ ကျွန်မ ကြောက်ပါတယ်။ ဒီတော့ မနာလိုမှုများတယ်လို့ အပြောခံနေရတဲ့ မြန်မာတွေ ဘက်ကနေ ကျွန်မက ရှေ့နေလိုက်ပြီး ဘာလို့ဒီလိုဖြစ်ရတာ ဖြစ်နိုင်မလဲ ဆိုတာ တွေးမိပါတယ်။

Read More...

အမေတယောက်ရဲ့ အနုပညာ

ဘလော့ဂါရွာကြီး စည်ပင်နေရာက၂၀၀၇ နောက်ပိုင်းမှာ သိသိသာသာ ခြောက်ကပ်သွားတယ်။ ရွှေဝါရောင်မုန်တိုင်းအပြီးအကြောက်တရားတွေကြောင့်လဲ တချို့တဝက်၊ လုပ်ငန်းခွင်ထဲက ဘလော့ဂါတချို့ ရာထူးတက်၊တာဝန်များ သွားတာလဲ ပါရဲ့၊ အပျိုလူပျို ဘလော့ဂါတွေ ကြင်ယာ စုံသွားလို့ အိမ်ထောင်အမှုတွေနဲ့ အချိန်မပေးနိုင်ကြတော့ တာလဲ ပါရဲ့၊ လူတခု ပူမှုရယ်တဲ့ဆယ်ကုဋေတွေ စသဖြင့် အကြောင်းပြချက် ပေါင်းစုံကြောင့် ဘလော့ရွာကြီး ငြိမ်နေတာ အတော်ကြာပြီ။ ကိုယ်ကတော့ ဘလော့ရွာကနေ အကြာကြီး ပျောက်သွားရတာ မိုးနတ်မင်းပေး တဲ့ရတနာတွေ ထိန်းနေရလို့ပါ။

Read More...

ကလေးတွေ ကျင်လည်မယ့် လူ့အဖွဲ့အစည်း

မေမေ... အိုပါးဂဏန်းစတိုင် ကြည့်ချင်တယ်။ ဘေဘီလေးလဲ ကြည့်ချင်တယ် ဟိုမှာကြည့် သူ ခုန်နေပြီ။ အေးအေး မေမေ ဖွင့်ပေးမယ်။ မေမေဖွင့်ရင် မြင်းနဲ့ကတာပဲ ဖွင့်နော် အန်တီကတာမဖွင့်နဲ့။ အန်တီကတဲ့ ဟာကို ဘေဘီလေးကို မပြနဲ့ ဘာလို့လဲ မီးမီးရဲ့ မကောင်းဘူး။ ဘေဘီလေးကို မပြနဲ့။ လေးနှစ်သမီးက သူကြည့်ချင်တဲ့ ခုန်ဆွခုန်ဆွ အကတွေနဲ့ MTVကို တနှစ်ခွဲသမီးဖြစ်သူ သူ့ညီမ မကြည့်သင့်ဘူးလို့ သူထင်တဲ့ version ကို မဖွင့်ဖို့ တားနေခြင်းပါ။ ဖအေ လုပ်သူကတော့ အားရပါးရ ရယ်ရင်း ငါ့သမီးက conservative တဲ့။

Read More...

Saturday, December 31, 2011

မြန်မာနိုင်ငံကို ရာသီအလိုက် ပန်းပင်တွေနဲ့ ဆေးရောင်ခြယ်



သမီးလေး မွေးလို့ နားနေချိန်မှာ NHK သတင်းဌာနက ထုတ်လွှင့်နေတဲ့ ဂျပန်ရိုးရာ အိုဟနမိ ပန်းကြည့်ပွဲတော် အကြောင်းကို မထင်မှတ်ဘဲ ကြည့်လိုက်ရပါတယ်။ ပန်းရောင်နဲ့ အဖြူရောင် ချယ်ရီပင်တွေကို တစုတဝေး တည်း အုံလိုက် ကျင်းလိုက် စနစ်တကျ မြေယာ အခင်းအကျင်း ပြုပြင် စိုက်ပျိုးထားပြီး ပန်းတောအုပ်ထဲမှာ လူတွေက လည်ပတ် ပျော်မြူး ပျော်ပွဲစားထွက်လို့… ၀င်ကြေးကောက်သလို အမှတ်တရ ပစ္စည်း အရောင်းဆိုင် တွေနဲ့ ရာသီစာ ရိုးရာ အလိုက် စားသောက်စရာ ဈေးတန်းတွေလဲ ရှိပါတယ်။ ရိုးရာကို ထိန်းသိမ်းရာ ရောက် သလို ယဉ်ကျေးမှုနဲ့ အပန်းဖြေမှု အခြေပြု ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့၊ သဘာဝ ပတ်ဝန်းကျင် ကိုပါ ထိန်းသိမ်းရင်း ၀င်ငွေကောင်းနေတဲ့ အဲလို ပန်းကြည့်ပွဲတော်မျိုး မြန်မာနိုင်ငံမှာ ရှိအောင် လုပ်လို့ ရမလား လို့ တွေးမိတာပါ။ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကွန်ကရစ်ပုံကြီးကို ငြီးငွေ့လို့ အပန်းဖြေဖို့ ထွက်လာတာများပြီး သဘာဝပတ်ဝန်းကျင် အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်နေတဲ့ ခေတ်ကြီး မှာ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ ပွဲတော်တွေနဲ့ တချိန်တည်း ပင်လုံးကျွတ် ပွင့်တဲ့ သစ်ပင် ပန်းမန်တွေကို စဉ်းစား မိပါတယ်။


Read More...

Thursday, December 8, 2011

လိပ်ပြာတွေရဲ့ မိုင်ထောင်ချီ ခရီးစဉ်

သီချင်းရဲ့ ကျေးဇူးကြောင့် ကြိုးကြာငှက်တွေ မိုင်ထောင်ချီ ပျံကြတာကို ကျွန်မတို့ ရင်းနှီးပြီးသားပါ။ ဒါပေမယ့် နူးညံ့လွန်းတဲ့ လိပ်ပြာတွေ မိုင်ထောင်ချီ ပျံသန်းတာကိုတော့ ကျွန်မ သိခဲ့တာ တနှစ်ကျော် လောက်ပဲ ရှိပါသေးတယ်။ သန်းနဲ့ချီတဲ့ မိုနာ့ခ်ျ လိပ်ပြာတွေဟာမက်ဆီကိုနိုင်ငံအလယ်ပိုင်းမီချွာကန် ပြည်နယ်က နိုင်ငံတကာအသိအမှတ်ပြု အယ်လ် ရိုစာရီယို ဘေးမဲ့တောကို စပြီး ရောက်လာကြပါပြီ။ ဒါဟာ ခရီးသွားဧည့်သည်တွေ သိပ်ပံပညာရှင်တွေနဲ့ ဒေသခံတွေ အတွက် နှစ်စဉ် စောင့်ကြည့်ရတဲ့ သဘာဝဖြစ်စဉ်ပါ။ အမေရိကန် မြောက် ပိုင်းနဲ့ ကနေဒါရဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီကနေ ထွက်ပြေး လာတဲ့ မိုနာ့ခ်ျ လိပ်ပြာတွေဟာ မိုင် ၂ထောင်ကျော် ခရီးကို ပျံသန်းလာတာပါ ပြီးတော့ မက်ဆီကိုရဲ့ ဧက ၃သောင်း၂ထောင်ကျော် ကျယ်ဝန်းတဲ့ လိပ်ပြာ ဘေးမဲ့တောက သစ်ပင်တွေမှာ လာပြီး ဆောင်းခို ကြပါတယ်။

Read More...

Friday, December 2, 2011

အိမ်နံရံမှာ ဥယျာဉ်တည်

သစ်ပင်စိုက် ၀ါသနာ ပါပေမယ့် ကျွန်တော် ကျွန်မတို့က တိုက်ခန်းတွေ အထပ်မြင့်အိမ်ခန်းတွေမှာ နေလို့  သစ်ပင် မစိုက်နိုင်လို့ပါ ဆိုတဲ့ သူတွေအတွက် နည်းလေးတခုကို မိတ်ဆက်ပေးချင်လို့ပါ။

Read More...

Sunday, April 17, 2011

သင်္ကြန် လည်ပြန်

သင်္ကြန်ဆိုတဲ့ စကားဟာ မြန်မာလူမျိုးတိုင်းအတွက် အသံလေး ကြားရင်ကို ဟန်မဆောင် နိုင်လောက်အောင် ချစ်မက် မြတ်နိုးကြတဲ့ စကား… သင်္ကြန်ရေသဘင်ပွဲ ကလဲ နှစ်သစ်ကူး ရောက်တိုင်း အထိမ်းအမှတ်အဖြစ် တမြတ်တနိုး တန်ဖိုးထား ဆင်နွဲကြတဲ့ပွဲ… ဒီပွဲကို မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ ရောက်နေကြတဲ့
ပြည်ပရောက် မြန်မာတွေကပါ ဖြစ်နိုင်သည့်နည်းဖြင့် ဆင်နွဲကြသည်။

Read More...

နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်း

ဓမ္မမိတ်ဆွေများရှင့်
နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်းကို ကျွန်မ နည်းနည်း ပြောပါရစေ။
ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ သာသနာရေး ဦးစီးဌာန တွင် ဖွင့်လှစ်ထားသော အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှ
၁။ လူငယ်လူရွယ်များ ဘာသာယဉ်ကျေးမှုကို အမြဲတစေ ထိတွေ့ နီးစပ် နေစေရန်
၂။ ဗုဒ္ဓသာသနာတော်ကို လေးစား ကြည်ညို တတ်စေရန်
၃။ ဘာသာရေး စိတ်ဓာတ် ရင့်သန်ကြွယ်ဝ စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အခါတော် နေ့ကြီးများကို လပြည့်နေ့တိုင်း တလတကြိမ် ကျင်းပမြဲ ဖြစ်ပါသည်။

နှစ်ဦးအစဖြစ်တဲ့ တန်ခူးလရာသီမှာတော့ အခါတော်ပွဲအဖြစ် တန်ခူးလပြည့်နေ့မှာ သီးသန့် ကျင်းပ မနေတော့ ဘဲ မင်္ဂလာ ယူသောအားဖြင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ကို မင်္ဂလာအခါတော်နေ့ အဖြစ် ကျင်းပပါသည်။

Read More...

Sunday, April 3, 2011

မြန်မာ့ ခရီးသွားလုပ်ငန်းနဲ့ အများသုံး ၀န်ဆောင်မှု လုပ်ငန်း တရပ်

လူတိုင်း စား၊ ၀တ်၊ နေရေး ဆိုတဲ့ ရေးကြီး ၃ပါး မှာ ထိပ်ဆုံးက ပါနေတာ စားရေးပါ။ စားပြီးရင် မဖြစ်မနေ လုပ်ရ တာကတော့ စားပြီးသမျှ ပြန်စွန့်ထုတ်ရတာပါပဲ။ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲ ဆိုတဲ့ အတိုင်း ၀မ်းကောင်းပြီး စွန့်ထုတ်မှု မှန်ကန်နေမှ ကျန်းမာရေး ကောင်းပါတယ်။ ဒီတော့ လူတိုင်းအတွက် စားရေး ပြီးရင် စားရေး လောက် တန်းတူ အရေးကြီးတာ စွန့်ရေး ဆိုရင် မှားမယ် မထင်ပါဘူး။

Read More...