Friday, December 2, 2011

အိမ်နံရံမှာ ဥယျာဉ်တည်

သစ်ပင်စိုက် ၀ါသနာ ပါပေမယ့် ကျွန်တော် ကျွန်မတို့က တိုက်ခန်းတွေ အထပ်မြင့်အိမ်ခန်းတွေမှာ နေလို့  သစ်ပင် မစိုက်နိုင်လို့ပါ ဆိုတဲ့ သူတွေအတွက် နည်းလေးတခုကို မိတ်ဆက်ပေးချင်လို့ပါ။

တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ လှပပြီး သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ ရှိတဲ့ ဥယျာဉ်စိုက်ခင်း စီမံကိန်းကို လတ်တလော အကောင်အထည် ဖော်နေကြပါပြီ။ ပြပွဲ တခုမှာ ဟင်းရွက် ဥယျာဉ်ကို စိုက်ပျိုး ရေး ပညာရှင် တယောက်က မိတ်ဆက်ပေးခဲ့ ပြီးတဲ့နောက် ဒီဓလေ့ဟာ ခေတ်စား လာခဲ့တာပါ။

မီးဖိုချောင်သုံးဟင်းရွက်ဆေးပြီးသား ရေတွေနဲ့ ဆန်ဆေးရေတွေကို သိုလှောင်ထားပြီး ၀ရံတာ ဥယျာဉ်က စိုက်ခင်း အတွက် ပြန်သုံးနိုင် ပါတယ်။ ဒီအတွက် ရေသိုလှောင်ကန် အသေးစား တခု လိုအပ်ပြီး ဒီနည်းလမ်း ဟာ ရေချွေတာမှုကို ကူညီရာ ရောက်ပါတယ်။ ၀ါးပိုး ၀ါးလုံးတွေ ပလတ်စတစ်ရေပိုက်အကြီးစားတွေကို ထွင်းပြီး ပန်းအိုးထည့်လို့ နံရံကပ် ဥယျာဉ်ကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ အလှထား ရေပန်းအိုးကြီးတွေမှာ သုံးတဲ့ အလိုအလျောက် ရေသွယ်မှု ထိန်းချုပ်ရေး ကိရိယာကို သုံးထားလို့ ပန်းအိုးတွေ ထဲက မြေခြောက် သွားရင် ရေကို အလိုအလျောက်စုပ်ယူ ပြီး ရေလောင်းပေးတယ်။ အလုပ်ထဲ ရောက်နေ လို့ ဖြစ်ဖြစ် မြို့ပြင်ရောက်နေလို့ ဖြစ်ဖြစ် ဥယျာဉ် ထဲက သစ်ပင်တွေအတွက် စိတ်ပူစရာ မလိုပါဘူး။

ဒေါင်လိုက်စနစ်နဲ့ ပုံစံထုတ်ထားတဲ့ နံရံဥယျာဉ် အသေးစား ဟာ နံရံတွေ၊ ပိတ်ထားတဲ့ ပြတင်းပေါက် တွေ မှာ တန်းလန်း ချိတ်ဆွဲ ထားနိုင်ပါတယ် စိုက်ထားတဲ့ အပင်အလိုက် စားပင်ဖြစ်စေ ပန်းအလှပင်ဖြစ်စေ စိတ်တိုင်းကျ ပန်းအိုးတအိုးချင်း ရွေးချယ် စိုက်ပျိုး ထားနိုင်ပါတယ်။ သီးပင် စိုက်ရင် အသီးစားရမယ် ပန်းပင် စိုက်ရင် ပန်းအိုးထိုးနိုင်မှာပါ။ ကျွန်မတို့ မြန်မာအိမ်တွေ အတွက် မရှိမဖြစ် ဘုရားပန်းနဲ့ ဧည့်ခန်း အလှပန်းအိုးအတွက် အဆင်ပြေသလို အိမ်နီးချင်းတွေ အခန်းနီးချင်းတွေ ကိုလဲ အိမ်ထွက် ပန်းအဖြစ် လက်ဆောင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် သစ်ရွက်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူပြီး အောက်စီဂျင် ဓာတ်ငွေ့ကို ပြန်ထုတ်ပေးလို့ အိမ်ခန်းတွင်း လေထု သန့်ရှင်းရေးကိုလဲ အကူအညီ ပေးပါတယ်

နာဂစ်မုန်တိုင်း တိုက်ပြီးခါစ ရန်ကုန်မြို့မှာ မီးစက်နှိုးပြီး အိပ်တဲ့ မိသားစုတစုလုံး မနက် လင်းတော့ အားလုံးသေဆုံးနေတဲ့ သတင်းတခု ထွက်ခဲ့ဖူးပါတယ်။ အလုံခန်းထဲမှာ အဲကွန်းဖွင့်အိပ်တာမို့ အိမ်ထဲမှာ လူတွေက ရှူထုတ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ မီးစက်က ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေ များနေနိုင်ပါတယ်။ လုံလောက်တဲ့ အောက်စီဂျင် မရဘဲ ဓာတ်ငွေ့တွေ ရှူရင်း အိပ်ပျော်ရင်း အသက်ရှူကြပ် သေဆုံးရတာပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတချို့နဲ့ သြစတြေးလျနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ မှာတော့ အိမ်ခန်းတွင်းလေထု သန့်ရှင်းရေးအတွက် စစ်ဆေးတဲ့ ကိရိယာ ရှောင်ရန် ဆောင်ရန်တွေကို ပညာပေး မိတ်ဆက်ပေးလေ့ ရှိပါတယ် ဒါပေမယ့် တခြား သိပ္ပံနည်းကျ ခေတ်မီဆန်းပြားတဲ့ ပစ္စည်းကိရိယာတွေ ၀ယ်ရတာ အကုန်အကျ များနိုင်ပါတယ်။ မြန်မာ့ရိုးရာ သိပြီးသား အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့ တွေ့ရှိချက်ကို အခြေခံထားတဲ့ ဒီနည်းကို မိတ်ဆက်တာပါ။ တမာပန်းနံ့ဟာ တီဘီရောဂါပိုး ပျံ့နှံ့မှု ကို ချေမှုန်းနိုင်ပြီး လေထုကို ရောဂါပိုးမွှား ကင်းစင်စေပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးပညာ အတိုင်း အိမ်ရှေ့တမာ အိမ်နောက်ခံတက် စီးပွားတက် ဆိုတဲ့ ဆောင်ပုဒ်ကို ထွင်ခဲ့ကြတာပါ။ ဒါကြောင့် အိမ်နံရံမှာ ဥယျာဉ်တည်ရင်း ကျန်းမာရေးအတွက် နေ့စဉ်စားသုံးနိုင်ဖို့ အတွက် သစ်ပင် ပန်းမာန်တွေကို ခေတ်မီမီ စိုက်ပျိုးကြပါစို့လားရှင်။



ညီမလေး ပင့်ခ်ဂိုးလ်ကို ရေးပေးမယ်လို့ ကတိပေးထားပြီး ၅လကျော်ကြာမှ ရေးနိုင်တာ ခွင့်လွှတ်ပါ... ရွှေထက်ရေ ပိစ်စ်စ်..

5 comments:

Anonymous said...

သြစတြေးလျနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ???
is Australia developing country? r u sure?

ခွန်မြလှိုင် said...

ဟုတ်ကဲ့ ကျွန်မက သြစတြေးလျကို ဖွံ့ဖြိုးပြီးနိုင်ငံလို့ သုံးနှုံးမိလို့ မဟုတ်သေးတဲ့အကြောင်း ဖွံ့ဖြိးဆဲ နိုင်ငံအဆင့်မှာသာ ရှိသေးကြောင်း သြစတြေးလျ အထက်လွှတ်တော်အမတ် ဂျွန်ဟိုက် ကိုယ်တိုင်က ပြန်ဖြေရှင်းဖူးပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲလို့ ကျွန်မ သုံးနှုံးတာပါ...

Anonymous said...

do you have any information about that you could share me?
cheers

ခွန်မြလှိုင် said...

ဟုတ်ကဲ့ အဲဒီအတွက် သီးသန့် ပို့စ်တခု ရေးပြီး ဘလော့ပေါ် တင်ပေးပါ့မယ်ရှင်... ကျွန်မ အထူး မှတ်မိတဲ့ စကားကတော့ ကိုယ်မရောက်သေးတဲ့ အခြေအနေ တခုကို ဂုဏ်မက်ပြီး တံဆိပ်တပ် ခံတာဟာ အင်မတန် ဘေးများကြောင်း၊ ဂုဏ်တခုကို တန်အောင်နေရတာ ထိန်းရတာ ခက်တဲ့ အကြောင်း အရှိကို အရှိအတိုင်း လက်ခံ နေထိုင်ရတာ ပိုမြင့်မြတ် ဂုဏ်ရှိတဲ့အကြောင်း မနိုင်မနင်း အတင်းလိုက်မီအောင် လုပ်ရတာ ပိုဘေးများ ရှက်ဖို့ကောင်းကြောင်း သူက ရှင်းပြလိုက်ပါသေးတယ်။

Anonymous said...

great..will be looking forward to that.. cheers