ပန်းနှင်းဆီရဲ့ ဆုပန်လွှာ
ရဲရဲနီ အပြစ်ကင်းတဲ့
ပန်းနှင်းဆီ ရနံ့သင်း တစ်ပွင့်ကို
သိပ်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက်
အချင်းချင်း သစာစောင့်ကြရင်း
မင်းယူပါလို့ အပြိုင်ပြော
နှင်းဆီ ရင်မောရပါတယ်….
ဘယ်သူ့အပေါ် သဒ္ဓါယိုဖိတ်
စိတ်ထဲမှာ ဘယ်လိုထိတ်လို့
ဘယ်သခင့်အတွက် ညွတ်ချင်ပေမယ့်
ပြောခွင့်မရှိတဲ့ နှင်းဆီရေ
မြတ်ဘုရားထံမှာ အခါခါသာ
ဆုပန်လွှာ.. ခြွေ။ ။
ရင်ခတ်ပန်း ဆိုတဲ့ကလောင်နဲ့ ကျောင်းက နံရံကပ် စာစောင် သင်ပုန်းမှာ တိတ်တိတ် သွားခိုး ကပ်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ သူများ ရေးထားတဲ့ ကဗျာကို ဖတ်ပြီး ပိုင်စိုးပိုင်နင်း သဘောထား ကြီးနေတဲ့ သူတွေကို အသည်းယား လာလို့ ကလိ လိုက်တာပါ .. ခွန်မြလှိုင်က အဲလို ဆိုးပါတယ် :P
1 comment:
ကဗျာကကောင်းပေမယ့်လူကဆိုးလှချည်လား။ :-D
Post a Comment